Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 12:21

Judson Bible

သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော​အ​ရပ်​သည် သင့်​နေ​ရာ​နှင့် ဝေး​လွန်း​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​သိုး​နွား​ကို၊ ငါ​မှာ​ထား​သည်​အ​တိုင်း​သတ်၍၊ သင့်​နေ​ရာ​အ​ရပ်၌ စား​ချင်​တိုင်း​စား​ရ​သော အ​ခွင့်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​သား​ရော​ဗောင်​သည် ယု​ဒ​ပြည်​ကို စိုး​စံ​လေ၏။ နန်း​ထိုင်​သော​အ​ခါ အ​သက်​လေး​ဆယ်​တစ်​နှစ် ရှိ၏။ ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​တည်​စေ​ရာ​ဖို့ ဣ​သ​ရေ​လ​ခ​ရိုင်​များ​တို့​အ​ထဲ​က ရွေး​ကောက်​သော ယေ​ရု​ရှ​လင်​မြို့၌ ဆယ်​ခု​နစ်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား အ​မ္မုန်​အ​မျိုး​သား၊ နေ​မ​အ​မည်​ရှိ၏။

ရော​ဗောင်​မင်း​ကြီး​သည် ယေ​ရု​ရှ​လင်​မြို့၌ ကိုယ်​ကို​ခိုင်​ခံ့​စေ၍ စိုး​စံ​သေး၏။ ရော​ဗောင်​သည် နန်း​ထိုင်​သော​အ​ခါ အ​သက်​လေး​ဆယ်​တစ်​နှစ် ရှိ၏။ ထာ၀​ရ​ဘု​ရား​သည် နာ​မ​တော်​တည်​စ​ရာ​ဖို့၊ ဣ​သ​ရေ​လ ခ​ရိုင်​များ​တို့​အ​ထဲ​က ရွေး​ကောက်​သာ ယေ​ရု​ရှ​လင်​မြို့၌၊ ဆယ်​ခု​နစ်​နှစ် စိုး​စံ​လေ၏။ မယ်​တော်​ကား အ​မ္မုန်​အ​မျိုး​သား၊ နေ​မ​အ​မည်​ရှိ၏။

ယေ​ရု​ရှ​လင်​မြို့၏ ဘု​ရား​အိမ်​တော်​ကို ကျိုး​ပဲ့​ပျက်​စီး​စေ​ခြင်း​ငှာ ပြု​သော​ရှင်​ဘု​ရင်​နှင့် ဆင်း​ရဲ​သား​အ​ပေါင်း​တို့​ကို၊ ထို​အ​ရပ်၌ နာ​မ​တော်​တည်​စေ​သော ဘု​ရား​သ​ခင်​သည် ဖျက်​ဆီး​တော်​မူ​ပါ​စေ​သော။ ငါ​ဒါ​ရိ​သည် အ​မိန့်​တော်​ကို​ပေး၏။ အ​မိန့်​တော်​အ​တိုင်း အ​လျင်​အ​မြန်​ပြု​စေ​ဟု ပေး​လိုက်​သ​တည်း။

ငါ့​အ​ဖို့​မြေ​ယဇ်​ပ​လ္လင်​ကို တည်​ရ​မည်။ ထို​ပ​လ္လင်​ပေါ်​မှာ သင်၏​မီး​ရှို့​သော​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ် တည်း​ဟူ​သော သင်၏​သိုး​နွား​တို့​ကို ယဇ်​ပူ​ဇော်​ရ​မည်။ ငါ့​အ​ခွင့်​ရှိ၍၊ ငါ့​နာ​မ​ကို ကိုး​ကွယ်​ရာ​အ​ရပ်​ခပ်​သိမ်း​တို့၌၊ သင့်​ဆီ​သို့​ငါ​ကြွ​လာ၍ ကောင်း​ချီး​ပေး​မည်။

နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ် ရှိ​ရ​မည်။ ထို​အ​ရပ်​သို့ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​တို့​မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့​ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ရှိ​သည်​အ​တိုင်း၊ မြတ်​သော​ပူ​ဇော်​သ​ကာ​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။

သို့​ရာ​တွင် သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ စား​ချင်​သော​အ​လို​သို့​လိုက်၍ သတ်​စား​ရ​သော အ​ခွင့်​ရှိ​ကြ၏။ သ​မင်၊ ဒ​ရယ်​ကို​စား​သ​ကဲ့​သို့၊ စင်​ကြယ်​သော​သူ၊ မ​စင်​ကြယ်​သော​သူ​တို့​သည် အ​တူ​စား​ရ​ကြ​မည်။

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ သင်၏​နေ​ရာ​ပြည်​ကို ကျယ်​စေ​တော်​မူ​သော​အ​ခါ၊ သင်​သည် အ​မဲ​သား​ကို​စား​ချင်​သော​စိတ်​ရှိ၍၊ အ​မဲ​သား​ကို ငါ​စား​မည်​ဟု​ဆို​လျှင်၊ စား​ချင်​တိုင်း​စား​ရ​သော အ​ခွင့်​ရှိ၏။

သ​မင်၊ ဒ​ရယ်​ကို​စား​သ​ကဲ့​သို့ စား​ရ​မည်။ စင်​ကြယ်​သော​သူ၊ မ​စင်​ကြယ်​သော​သူ​တို့​သည် ရော​နှော၍​စား​ရ​သော​အ​ခွင့် ရှိ​ကြ၏။

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​အ​မျိုး​အ​နွယ်​ရှိ​သ​မျှ​တို့​တွင် နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​တည်း​ဟူ​သော ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​ကို ရှာ၍​လာ​ရ​ကြ​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​တွင်၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ခု​နစ်​သီ​တင်း​ပွဲ​ကို​ခံ၍ သား​သ​မီး၊ ကျွန်​ယောက်ျား မိန်း​မ၊ သင့်​နေ​ရာ၌​တည်း​ခို​သော လေ​ဝိ​သား၊ ဧည့်​သည်​အာ​ဂ​န္တု၊ မိ​ဘ​မ​ရှိ​သော​သူ၊ မု​ဆိုး​မ​တို့​သည် ရွှင်​လန်း​ခြင်း​ကို ပြု​ရ​ကြ​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ နာ​မ​တော်​ကို တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​တွင်၊ သင်​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ချိန်၊ နေ​ဝင်​ရာ​ညဉ့်​ဦး​ယံ​အ​ချိန်၌ ပ​သ​ခါ​ယဇ်​ကို ပူ​ဇော်​ရ​မည်။

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ပေး​တော်​မူ​သော​ပြည်၌ အ​ဦး​သီး​သော အ​သီး​အ​မျိုး​မျိုး​ကို​ယူ၍ ခြင်း​တောင်း၌​ထည့်​ပြီး​မှ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​တည်​စ​ရာ​ဖို့ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​သို့ သွား၍၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ