တရားဟော 12:20Judson Bibleသင်၏ ဘုရားသခင်ထာဝရဘုရားသည် ကတိတော်ရှိသည်အတိုင်း၊ သင်၏နေရာပြည်ကို ကျယ်စေတော်မူသောအခါ၊ သင်သည် အမဲသားကိုစားချင်သောစိတ်ရှိ၍၊ အမဲသားကို ငါစားမည်ဟုဆိုလျှင်၊ စားချင်တိုင်းစားရသော အခွင့်ရှိ၏။ အခန်းကိုကြည့်ပါ။ |
ယာဗက်ကလည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို အစဉ်ကောင်းချီးပေး၍၊ အကျွန်ုပ်နေရာကို ကျယ်ဝန်းစေတော်မူပါ။ အကျွန်ုပ်သည် ဘေးဥပဒ်အနှောင့်အယှက်နှင့် ကင်းလွတ်ပါမည်အကြောင်း၊ လက်တော်သည် အကျွန်ုပ်ဘက်၌နေ၍ ကွယ်ကာစောင့်မတော်မူပါဟု ဣသရေလအမျိုး၏ ဘုရားသခင်အားဆုတောင်းတတ်၍၊ တောင်းသောဆုကို ဘုရားသခင်ပေးသနားတော်မူ၏။
သင်တို့နှာခေါင်းထဲက အမဲသားထွက်၍ ရွံစရာဖြစ်သည်တိုင်အောင် တစ်လပတ်လုံး စားရကြမည်။ အကြောင်းမူကား၊ သင်တို့တွင်ရှိတော်မူသော ထာဝရဘုရားကို၊ သင်တို့သည် မထီမဲ့မြင်ပြုလျက်၊ ငါတို့သည် အဲဂုတ္တုပြည်မှ အဘယ်ကြောင့် ထွက်လာရကြသနည်းဟု ရှေ့တော်၌ငိုကြွေးလျက် ပြောဆိုကြပြီတကားဟု မောရှေအားမိန့်တော်မူ၏။
ယနေ့ ငါမှာထားသမျှသော ဤပညတ်တော်တို့ကို ကျင့်စောင့်၍၊ သင်၏ဘုရားသခင် ထာဝရဘုရားကို ချစ်သောစိတ်နှင့် အစဉ်အမြဲ လမ်းတော်သို့လိုက်လျှင်လည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည်၊ သင်၏ ဘိုးဘေးတို့အားပေးခြင်းငှာ ကတိထားသော ပြည်ရှိသမျှကို သင့်အားပေးတော်မူ၍၊ သင်၏ဘိုးဘေးတို့အား ကျိန်ဆိုသည်အတိုင်း၊ သင့်နေရာပြည်ကို ကျယ်ဝန်းစေတော်မူလျှင်လည်းကောင်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် သင့်အမွေခံစရာဖို့ ပေးတော်မူသောပြည်၌ အသေမခံထိုက်သောသူသည် အသေခံ၍ လူ့အသက်ကို သတ်သောအပြစ်သည် သင့်အပေါ်မှာ မရောက်မည်အကြောင်း၊ ယခုဆိုခဲ့ပြီးသော မြို့သုံးမြို့မှတစ်ပါး၊ အခြားသော မြို့သုံးမြို့ကို ထပ်၍ခွဲထားရမည်။