Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 12:16

Judson Bible

သို့​ရာ​တွင် အ​သွေး​ကို​မ​စား​ရ။ ရေ​ကို​သွန်​သ​ကဲ့​သို့ မြေ​ပေါ်​မှာ​သွန်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

သို့​သော်​လည်း၊ အ​သက်​တည်း​ဟူ​သော အ​သွေး​နှင့်​တ​ကွ အ​သား​ကို မ​စား​ရ။

အ​ကြောင်း​မူ​ကား၊ ထို​မြို့​သတ်​သော​သူ၏ အ​သွေး​သည် မြို့​အ​လယ်၌​ရှိ၏။ ထို​အ​သွေး​ကို မြေ​မှုန့်​နှင့်​ဖုံး​ခြင်း​ငှာ မြေ​ပေါ်​မှာ သွန်း​သည်​မ​ဟုတ်၊ ရှင်း​လင်း​သော ကျောက်​ပေါ်​မှာ တင်​ထား​ပြီ။

သင်​သည် အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၏​အ​မိန့်​တော်​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​သည် အ​သွေး​နှင့်​တ​ကွ အ​မဲ​သား​ကို​စား​လျက်၊ ရုပ်​တု​တို့​ကို ဖူး​မြော်​လျက်၊ လူ​အ​သက်​ကို​လည်း သတ်​လျက်​နှင့်​ပင်၊ ဤ​ပြည်​ကို ပိုင်​ရ​ကြ​မည်​လော။

အ​သွေး​ပါ​သော အ​သေ​ကောင်​ကို မ​စား​ရ။ မ​ကောင်း​သော အ​တတ်​ကို​မ​ပြု​စု​ရ။ ကာ​လ​ဗေ​ဒင်​ကို မ​ကြည့်​ရ။

သင်​တို့​အ​မျိုး​အ​စဉ်​အ​ဆက်​တို့​သည်၊ နေ​လေ​ရာ​ရာ၌ ဆီ​ဥ​ကို​မ​စား​ရ၊ အ​သွေး​ကို​မ​စား​ရ​ဟု ထာ​ဝ​ရ​ပ​ညတ်​တော်​ဖြစ်​သည်​ဟု မိန့်​တော်​မူ၏။

ရုပ်​တု​တို့၏ ညစ်​ညူး​ရာ​ကို​လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို​လည်း​ကောင်း၊ လည်​ပင်း​ကို​ညှစ်၍ သတ်​သော​အ​ရာ​ကို​လည်း​ကောင်း၊ အ​သွေး​ကို​လည်း​ကောင်း ကြဉ်​ရှောင်​စေ​ခြင်း​ငှာ သူ​တို့​ကို မှာ​လိုက်​သင့်​သည်​ဟု ငါ​သ​ဘော​ရှိ၏။-

လည်​ပင်း​ကို​ညှစ်၍ သတ်​သော​အ​ရာ​ကို​လည်း​ကောင်း၊ မ​တ​ရား​သော မေ​ထုန်​ကို​လည်း​ကောင်း ကြဉ်​ရှောင်​ရ​မည်​ဟူ​သော ပ​ညတ်​မှ​တ​ပါး အ​ခြား​သော​ဝန် သင်​တို့၏​အ​ပေါ်၌ တင်​ခြင်း​ငှာ သန့်​ရှင်း​သော​ဝိ​ညာဉ်​တော်​နှင့် ငါ​တို့​သည် အ​လို​မ​ရှိ။ ထို​အ​ရာ​များ​ကို ကြဉ်​ရှောင်​အပ်၏။ ကျန်း​မာ​ကြ​ပါ​စေ​သော​ဟု ရေး၍ ပေး​လိုက်​သ​တည်း။

သင့်​နေ​ရာ​အ​ရပ်၌ စား​ရ​မည်။ သ​မင်၊ ဒ​ရယ်​ကို​စား​သ​ကဲ့​သို့ စင်​ကြယ်​သော​သူ၊ မ​စင်​ကြယ်​သော​သူ​တို့​သည် အ​တူ​စား​ရ​ကြ​မည်။

သို့​ရာ​တွင် အ​သွေး​ကို မ​စား​ရ။ ရေ​ကို​သွန်​သ​ကဲ့​သို့ မြေ​ပေါ်​မှာ​သွန်​ရ​မည်။

ဘု​ရား​သ​ခင်​ဖန်​ဆင်း​တော်​မူ​သ​မျှ​သည် သုံး​စ​ရာ​ကောင်း၏။ ကျေး​ဇူး​တော်​ကို သိ​သော​စိတ်​နှင့်​ခံ​ယူ​လျှင်၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​ပယ်​မ​ရှောင်​ရ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်၏ နှုတ်​က​ပတ်​တ​ရား​တော်​အား​ဖြင့်​လည်း​ကောင်း၊ ဆု​တောင်း​ခြင်း​အား​ဖြင့်​လည်း​ကောင်း၊ အ​ရာ​ရာ​တို့​သည် စင်​ကြယ်​လျက်​ရှိ​ကြ၏။

ရန်​သူ၏​ဥ​စ္စာ​ကို လု​ယူ၍၊ သိုး၊ နွား၊ နွား​သ​ငယ်​တို့​ကို မြေ​ပေါ်​မှာ​သတ်​ပြီး​လျှင် အ​သွေး​နှင့်​တ​ကွ စား​ကြ၏။

ထို​သို့ လူ​များ​တို့​သည် အ​သွေး​နှင့်​တ​ကွ​စား၍ ထာ​ဝ​ရ​ဘု​ရား​ကို ပြစ်​မှား​သည်​ဟု ရှော​လု​အား ကြား​လျှောက်​လျှင်၊ သင်​တို့​သည် သ​စ္စာ​ပျက်​ကြ​ပြီ။ ကြီး​စွာ​သော​ကျောက်​ကို ငါ့​ထံ​သို့​ယ​နေ့​လှိမ့်​ခဲ့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ