Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 12:14

Judson Bible

သင်​တို့​အ​မျိုး​တစ်​မျိုး​တွင် ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌ မီး​ရှို့​ရာ​ယဇ်​ကို​ပူ​ဇော်၍၊ ငါ​မှာ​ထား​သ​မျှ​တို့​ကို ပြု​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

ပြည်​သား​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​ဗိ​မာန်​တော်၌ ယဇ်​ပူ​ဇော်​ခြင်း​ငှာ ယေ​ရု​ရှ​လင်​မြို့​သို့​သွား​လျှင်၊ သူ​တို့​စိတ်​နှ​လုံး​သည် မိ​မိ​တို့​သ​ခင် ယု​ဒ​ရှင်​ဘု​ရင် ရော​ဗောင်​ဘက်​သို့ ပြောင်း​လဲ၍၊ ငါ့​ကို​သတ်​ပြီး​မှ ယု​ဒ​ရှင်​ဘု​ရင်​ရော​ဗောင်​ဘက်​သို့ တစ်​ဖန် ဝင်​စား​ကြ​လိမ့်​မည်​ဟု အောက်​မေ့​သော​ကြောင့်၊

ဤ​မည်​သော​အ​ရပ်၌ ငါ့​နာ​မ​တည်​ရ​မည်​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဤ​အ​ရပ်​ဌာ​န​နှင့် ဤ​အိမ်​တော်​ကို နေ့​ည​မ​ပြတ်​ကြည့်​ရှု၍၊ ကိုယ်​တော်​ကျွန်​သည် ဤ​အ​ရပ်​ဌာ​န၌ ဆု​တောင်း​သော​စ​ကား​ကို နား​ထောင်​တော်​မူ​ပါ။

သင်​တို့​က၊ ငါ​တို့​သည် ငါ​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ကိုး​စား​သည်​ဟု ဆို​ပြန်​လျှင်၊ ဟေ​ဇ​ကိ​သည် မြင့်​သော​အ​ရပ်​ဌာ​န​နှင့် ယဇ်​ပ​လ္လင်​တို့​ကို​ပယ်၍၊ ယေ​ရု​ရှ​လင်​မြို့​မှာ ဤ​မည်​သော​ယဇ်​ပ​လ္လင်​ရှေ့၌​သာ ကိုး​ကွယ်​ရ​မည်​ဟု ယု​ဒ​ပြည်​သူ ယေ​ရု​ရှ​လင်​မြို့​သား​တို့​ကို မှာ​ထား​သ​ဖြင့်၊ သင်​တို့​ပြစ်​မှား​သော​ဘု​ရား​ဖြစ်​သည် မ​ဟုတ်​လော။

သို့​ဖြစ်၍၊ ဒါ​ဝိဒ်​က ဤ​အ​ရပ်​သည် ထာ​ဝ​ရ​အ​ရှင် ဘု​ရား​သ​ခင်၏​အိမ်​တော်​ဖြစ်၏။ ဤ​ယဇ်​ပ​လ္လင်​သည် ဣ​သ​ရေ​လ​အ​မျိုး၏ ယဇ်​ပ​လ္လင်​ဖြစ်၏​ဟု ဆို​လျက်၊

အ​ကျွန်ုပ်​မူ​ကား၊ များ​စွာ​သော ကျေး​ဇူး​တော်​ကို​ခံ​စား​ရ​သ​ဖြင့်၊ အိမ်​တော်​သို့​ရောက်၍၊ ကိုယ်​တော်​ကို ကြောက်​ရွံ့​သော​စိတ်​နှင့် သန့်​ရှင်း​သော​ဗိ​မာန်​တော်​တွင် ကိုး​ကွယ်​ပါ​လိမ့်​မည်။

ဇိ​အုန်​မြို့​မှာ ကျိန်း​ဝပ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို ထော​မ​နာ​သီ​ချင်း​ဆို​ကြ​လော့။ အ​မှု​တော်​များ​ကို လူ​မျိုး​တို့​အား ဟော​ပြော​ကြ​လော့။

ဣ​သ​ရေ​လ​အ​မျိုး​သား တစ်​စုံ​တစ်​ယောက်​သည် သိုး၊ ဆိတ်၊ နွား​ကို တပ်​ထဲ​မှာ သတ်​သည်​ဖြစ်​စေ၊ တပ်​ပြင်​မှာ​သတ်​သည်​ဖြစ်​စေ၊

ထာ​ဝ​ရ​ဘု​ရား၏​တဲ​တော်​ရှေ့​တွင် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ပြု​ခြင်း​ငှာ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​သို့​မ​ဆောင်​ခဲ့​လျှင်၊ ထို​သူ​သည် အ​သက်​သတ်​သော အ​ပြစ်​ရှိ​သည်​ဟု​မှတ်​ရ​မည်။ အ​သက်​သတ်​သော ထို​သူ​ကို သူ၏​အ​မျိုး​မှ​ပယ်​ရှင်း​ရ​မည်။

ထို​တ​ရား​ဟူ​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ခ​ရစ်​တော်​အ​ထဲ၌ ရှိ​နေ​လျက်၊ လော​ကီ​သား​တို့၏ အ​ပြစ်​များ​ကို မှတ်​တော်​မ​မူ၊ ရန်​ကို​ငြိမ်း​စေ၍ ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​စေ​တော်​မူ၏။ ထို​မိတ်​သ​ဟာ​ယ​တ​ရား​ကို​လည်း ငါ​တို့၌ အပ်​ပေး​တော်​မူ၏။-

နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ် ရှိ​ရ​မည်။ ထို​အ​ရပ်​သို့ ငါ​မှာ​ထား​သ​မျှ​အ​တိုင်း၊ သင်​တို့​မီး​ရှို့​ရာ​ယဇ် အ​စ​ရှိ​သော​ယဇ်​များ၊ ဆယ်​ဖို့​တစ်​ဖို့​ပူ​ဇော်​သ​ကာ၊ ချီ​မြှောက်​ရာ ပူ​ဇော်​သ​ကာ၊ ထာ​ဝ​ရ​ဘု​ရား​အား​က​တိ​ရှိ​သည်​အ​တိုင်း၊ မြတ်​သော​ပူ​ဇော်​သ​ကာ​တို့​ကို ဆောင်​ခဲ့​ရ​ကြ​မည်။

တွေ့​မြင်​ရာ​အ​ရပ်၌ မီး​ရှို့​ရာ​ယဇ်​ကို မ​ပူ​ဇော်​ရ​မည်​အ​ကြောင်း သ​တိ​ပြု​ကြ​လော့။

သို့​ရာ​တွင် သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ​သည်​အ​တိုင်း၊ သင်​တို့​နေ​ရာ​အ​ရပ်​ရပ်၌ စား​ချင်​သော​အ​လို​သို့​လိုက်၍ သတ်​စား​ရ​သော အ​ခွင့်​ရှိ​ကြ၏။ သ​မင်၊ ဒ​ရယ်​ကို​စား​သ​ကဲ့​သို့၊ စင်​ကြယ်​သော​သူ၊ မ​စင်​ကြယ်​သော​သူ​တို့​သည် အ​တူ​စား​ရ​ကြ​မည်။

သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ရှေ့​မှာ ကိုယ်​တိုင်​မှ​စ၍​သား​သ​မီး၊ ကျွန်​ယောက်ျား​မိန်း​မ၊ တည်း​ခို​သော​လေ​ဝိ​သား​တို့​သည် စား​ရ​ကြ​မည်။ ပြု​လေ​ရာ​ရာ၌ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ ရွှင်​လန်း​ခြင်း​ကို​ပြု​ရ​ကြ​မည်။

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ သင်​တို့​အ​မျိုး​အ​နွယ်​ရှိ​သ​မျှ​တို့​တွင် နာ​မ​တော်​ကို​တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော အ​ရပ်​တည်း​ဟူ​သော ကျိန်း​ဝပ်​တော်​မူ​ရာ​အ​ရပ်​ကို ရှာ၍​လာ​ရ​ကြ​မည်။

သင်​တို့၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ နာ​မ​တော်​ကို တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌ စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​မှ​စ၍၊ သိုး၊ နွား​တွင် အ​ဦး​ဖွား​သော သား​ငယ်​ဆယ်​ဖို့​တစ်​ဖို့​ကို ရှေ့​တော်​မှာ စား​ရ​ကြ​မည်။ ထို​သို့​ပြု​လျှင်၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို အ​စဉ်​ကြောက်​ရွံ့​ရ​မည်​အ​ကြောင်း၊ သင်​ရ​ကြ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ ထို​သိုး​နွား​တို့​ကို နှစ်​စဉ်​မ​ပြတ် အိမ်​သူ​အိမ်​သား​တို့​နှင့်​တ​ကွ ကိုယ်​တိုင်​စား​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​သည် နာ​မ​တော်​ကို တည်​စေ​ဖို့​ရာ ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌ သိုး​နွား​တို့​ကို ယဇ်​ပူ​ဇော်၍၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​အား ပ​သ​ခါ​ပွဲ​ကို​ခံ​ရ​မည်။

သင့်​နေ​ရာ​မြို့​တွင် လူ​အ​သက်​ကို သတ်​ခြင်း​အ​မှု၊ တ​ရား​တွေ့​ခြင်း​အ​မှု၊ လူ​ချင်း​ရိုက်​ပုတ်​ခြင်း​အ​မှု​တို့​သည် မင်း​ရှေ့​သို့​ရောက်၍ မ​စီ​ရင် မ​ဆုံး​ဖြတ်​နိုင်​လျှင်၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော အ​ရပ်​သို့ သွား၍၊

ဣ​သ​ရေ​လ​မြို့​ရွာ​တို့၌ တည်း​ခို​သော လေ​ဝိ​သား​တစ်​စုံ​တစ်​ယောက်​သည်၊ ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်​ကို ကြည်​ညို​သော​စိတ်​အား​ကြီး၍ ရောက်​လာ​လျှင်၊

သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​လ​တ္တံ့​သော အ​ရပ်​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ရှေ့​တော်၌ ကိုယ်​ကို​ပြ​ခြင်း​ငှာ လာ​ကြ​သော​အ​ခါ၊ ဤ​ပ​ညတ်​တ​ရား​ကို ထို​ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့​မှာ ဖတ်​ရွတ်​ရ​မည်။

ထို​ကြောင့်၊ ငါ​တို့​သည် ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို ဝန်​ခံ​လျက်၊ နှုတ်​ခမ်း​အ​သီး​တည်း​ဟူ​သော ချီး​မွမ်း​ခြင်း​ယဇ်​ကို သ​ခင်​ယေ​ရှု​ခ​ရစ်​အား​ဖြင့် ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​စဉ်​ပူ​ဇော်​ကြ​ကုန်​အံ့။-

တဲ​တော်​ရှေ့၌​ရှိ​သော ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ ယဇ်​ပ​လ္လင်​တော်​မှ​တစ်​ပါး အ​ခြား​သော​ယဇ်​ပ​လ္လင်​ကို တည်၍ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​မျိုး၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​မျိုး​ကို ပြု​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​ကို ပုန်​ကန်၍ နောက်​တော်​သို့​မ​လိုက်၊ လွှဲ​သွား​ခြင်း​အ​မှု​သည် ငါ​တို့​နှင့် ဝေး​ပါ​စေ​သော​ဟု ပြန်​ပြော​ကြ၏။

ထာ​ဝ​ရ​ဘု​ရား ရွေး​ကောက်​တော်​မူ​သော​အ​ရပ်၌​တည်​သော ယဇ်​ပ​လ္လင်​တော်​အ​ဖို့​နှင့် ပ​ရိ​သတ်​တော်​အ​ဖို့ ထို​သူ​တို့​သည် ယ​နေ့​တိုင်​အောင် ထင်း​ခုတ်၍​ရေ​ခပ်​ရ​မည်​အ​ကြောင်း၊ ထို​နေ့၌ စီ​ရင်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ