Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 11:9

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့၏​ဘိုး​ဘေး​တို့​နှင့် သူ​တို့​အ​မျိုး​အ​နွယ်​အား​ပေး​ခြင်း​ငှာ ကျိန်​ဆို​တော်​မူ​သော​ပြည်၊ နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်၌ သင်​တို့​အ​သက်​တာ ရှည်​မည်​အ​ကြောင်း၊ ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော​ပ​ညတ်​တို့​ကို စောင့်​ရှောက်​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

သင်​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်၏​အ​သက်​တာ ရှည်​မည်​အ​ကြောင်း၊ သင်၏​မိ​ဘ​ကို​ရို​သေ​စွာ​ပြု​လော့။

သူ​တို့​ကို​အဲ​ဂု​တ္တု​ပြည်၊ အဲ​ဂု​တ္တု​လူ​တို့​လက်​မှ​ကယ်​နုတ်၍၊ ခါ​န​နိ​လူ၊ ဟိ​တ္တိ​လူ၊ အာ​မော​ရိ​လူ၊ ဖေ​ရ​ဇိ​လူ၊ ဟိ​ဝိ​လူ၊ ယေ​ဗု​သိ​လူ​တို့​နေ​ရာ၊ နို့​နှင့်​ပျား​ရည်​စီး​တတ်​သော ပြည်​သို့​ပို့​ဆောင်​ခြင်း​ငှာ ငါ​ဆင်း​လာ​ပြီ။

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော​သ​ဘော​သည် အ​သက်​တာ​ကို ရှည်​စေ​တတ်၏။ မ​တ​ရား​သော​သူ၏ နှစ်​ပေါင်း​ကာ​လ​မူ​ကား တို​တတ်၏။

သူ၏​လက်​ယာ​လက်၌ အ​သက်​တာ​ရှည်​သော​ကာ​လ၊ လက်​ဝဲ​လက်၌ စည်း​စိမ်​နှင့်​ဂုဏ်​အ​သ​ရေ​ရှိ၏။

အ​ကြောင်း​မူ​ကား၊ ပ​ညတ်​တ​ရား​သည် အ​သက်​တာ​ရှည်​သော ကာ​လ​နှစ်​ပေါင်း​များ​ကို​လည်း​ကောင်း၊ ငြိမ်​ဝပ်​ခြင်း​ကို​လည်း​ကောင်း တိုး​ပွား​စေ​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ ငါ့​ကို​အ​မှီ​ပြု၍၊ သင်၏​နေ့​ရက်​ကာ​လ​နှင့် အ​သက်​အ​ပိုင်း​အ​ခြား နှစ်​ပေါင်း​ကာ​လ​တိုး​ပွား​လိမ့်​မည်။

သူ​တို့​ကို အဲ​ဂု​တ္တု​ပြည်​မှ ငါ​နုတ်​ပြီး​လျှင်၊ ပြည်​တ​ကာ​တို့၏ အထွတ်​ဖြစ်၍ နို့​နှင့်​ပျား​ရည် စီး​သော​ပြည်၊ သူ​တို့​အ​ဖို့​ငှာ ကြည့်​ရှု​သော ပြည်​သို့​ဆောင်​သွား​ခြင်း​ငှာ ကျိန်​ဆို​သော​အ​ခါ၊

ထို​ပြည်​ကို သင်​တို့​ရှေ့​မှာ ငါ​ထား​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ဘ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​မှ​စ၍၊ သူ​တို့​အ​မျိုး​အ​နွယ်​အား ပေး​မည်​ဟု ကျိန်​တော်​မူ​သော​ပြည်​ကို ဝင်၍​သိမ်း​ယူ​ကြ​လော့​ဟု မိန့်​တော်​မူ၏။

သင်​တို့​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်​သည်​ကား၊ ယာ​လုပ်​သ​ကဲ့​သို့ မျိုး​စေ့​ကြဲ၍ ခြေ​ဖြင့်​ရေ​လောင်း​ရ​သော ပြည်​တည်း​ဟူ​သော သင်​တို့​ထွက်​လာ​သော အဲ​ဂု​တ္တု​ပြည်​နှင့် တူ​သည်​မ​ဟုတ်။

သို့​ပြု​လျှင် ထာ​ဝ​ရ​ဘု​ရား​သည် ဘိုး​ဘေး​တို့​အား​ပေး​ခြင်း​ငှာ ကျိန်​ဆို​တော်​မူ​သော​ပြည်၌ သင်​တို့​အ​သက်၊ သား​သ​မီး​များ​အ​သက်​တာ​သည်၊ ကောင်း​ကင်၌ အ​သက်​တာ​ရှည်​သ​ကဲ့​သို့၊ မြေ​ကြီး​ပေါ်​မှာ တာ​ရှည်​ရ​လိမ့်​မည်။

သင်​တို့​နှင့်​တ​ကွ သား​မြေး​တို့​သည် ချမ်း​သာ​ရ​ခြင်း​ငှာ​လည်း​ကောင်း၊ သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ပေး​တော်​မူ​သော​ပြည်၌ အ​သက်​တာ​ရှည်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ယ​နေ့​ငါ​မှာ​ထား​သော ပ​ညတ်​တ​ရား​တော်​တို့​ကို စောင့်​ရှောက်​ရ​ကြ​မည်​ဟု မော​ရှေ​သည် ဟော​ပြော​လေ၏။

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​သော​ပြည်၌ သင်​သည် အ​သက်​တာ​ရှည်၍ ကောင်း​စား​ရ​မည်​အ​ကြောင်း၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ သင်၏​မိ​ဘ​ကို ရို​သေ​စွာ​ပြု​လော့။

သင်​တို့​ဝင်​စား​လ​တ္တံ့​သော​ပြည်၌ သင်​တို့​သည် သေ​ဘေး​လွတ်​လျက် ချမ်း​သာ​ရ၍၊ အ​သက်​တာ​ရှည်​မည်​အ​ကြောင်း၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သော လမ်း​အ​ပေါင်း​တို့၌ လျှောက်​သွား​ရ​ကြ​မည်။

သင်​သည် ချမ်း​သာ​ရ​ခြင်း​ငှာ​လည်း​ကောင်း၊

ငါ​ပေး​ထား​သော ပ​ညတ်​တ​ရား​တော်​ရှိ​သ​မျှ​တို့​ကို တစ်​သက်​လုံး စောင့်​ရှောက်​မည်​အ​ကြောင်း​နှင့် သင်​တို့၏​အ​သက်​တာ ရှည်​စေ​မည်​အ​ကြောင်း၊ သင်​တို့​သွား၍ ဝင်​စား​လ​တ္တံ့​သော​ပြည်၌​ကျင့်​ဖို့​ရာ သင်​တို့​အား ငါ​သွန်​သင်​စိမ့်​သော​ငှာ၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သော စီ​ရင်​ထုံး​ဖွဲ့​ချက် ပ​ညတ်​တ​ရား​ဟူ​မူ​ကား၊

အို​ဣ​သ​ရေ​လ​အ​မျိုး၊ ဘိုး​ဘေး​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ သင်​သည် နို့​နှင့်​ပျား​ရည်​စီး​သော​ပြည်၌ ချမ်း​သာ​ရ၍ အ​လွန်​ပွား​များ​မည်​အ​ကြောင်း နား​ထောင်​လော့။ သ​တိ​နှင့် ကျင့်​စောင့်​လော့။

အ​ကြောင်း​မူ​ကား၊ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် ကောင်း​သော​ပြည်၊ ချိုင့်​ထဲ၊ တောင်​ထဲ​က​ပေါက်​သော​မြစ်၊ ချောင်း၊ စမ်း​ရေ​တွင်း၊ ရေ​ကန်​များ​နှင့် ပြည့်​စုံ​သော​ပြည်၊

သင်​ပြု​သော​ကု​သိုလ်​ကြောင့်​လည်း​ကောင်း၊ ဖြောင့်​မတ်​သော သ​ဘော​ကြောင့်​လည်း​ကောင်း၊ ထို​ပြည်​ကို​သွား၍ ဝင်​စား​ရ​မည်​မ​ဟုတ်။ ထို​လူ​မျိုး​တို့၏​မ​ကောင်း​မှု​ကြောင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​အ​ဘ အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​စ​ကား​တော်​ကို တည်​စေ​လို​သော​ငှာ​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို သင့်​ရှေ့​မှ​နှင်​ထုတ်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ