Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 11:24

Judson Bible

သင်​တို့​သည် ခြေ​နှင့်​နင်း​သ​မျှ​သော​အ​ရပ်​ကို ပိုင်​သ​ဖြင့်၊ တော​မှ​စ၍ လေ​ဗ​နုန်​တောင်​တိုင်​အောင်​လည်း​ကောင်း၊ ဥ​ဖ​ရတ်​မြစ်​ကြီး​မှ​စ၍ ပင်​လယ်​ကမ်း​နား​တိုင်​အောင်​လည်း​ကောင်း၊ မြေ​တစ်​လျှောက်​လုံး​သည် သင်​တို့၏​နိုင်​ငံ​အ​ဝင် ဖြစ်​လိမ့်​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​သည်​လည်း မြစ်​ကြီး​မှ​စ၍ ဖိ​လိ​တ္တိ​ပြည်၊ အဲ​ဂု​တ္တု​ပြည်​တိုင်​အောင် တိုင်း​နိုင်​ငံ​လုံး​ကို​အ​စိုး​ရ​သ​ဖြင့်၊ အ​ရပ်​ရပ်​သား​တို့​သည် လက်​ဆောင်​ပ​ဏ္ဏာ​တို့​ကို ဆက်၍၊ ရှော​လ​မုန်​လက်​ထက် ကာ​လ​ပတ်​လုံး မင်း​မှု​ကို ဆောင်​ရွက်​ရ​ကြ၏။

ရှော​လ​မုန်​သည် မြစ်​ကြီး​အ​နောက်​ဘက်၊ တိ​ဖ​သ​မြို့​မှ​အ​ဇ္ဇာ​မြို့​တိုင်​အောင် ရှင်​ဘု​ရင်​အ​ပေါင်း​တို့​ကို အ​စိုး​ရ​သ​ဖြင့် ပတ်​ဝန်း​ကျင်​အ​ရပ်​တို့၌ စစ်​မှု​စစ်​ရေး​မ​ရှိ။

မြစ်​ကြီး​မှ​စ၍ ဖိ​လိ​တ္တိ​ပြည်​နှင့် အဲ​ဂု​တ္တု​ပြည်​စွန်း​တိုင်​အောင် ရှိ​သော ရှင်​ဘု​ရင်​အ​ပေါင်း​တို့​ကို အ​စိုး​ရ၏။

သင့်​နေ​ရာ​နယ်​အ​ပိုင်း​အ​ခြား​ကို၊ ဧ​ဒုံ​ပင်​လယ်​မှ​သည် ဖိ​လိ​တ္တိ​ပင်​လယ်​တိုင်​အောင်​လည်း​ကောင်း၊ တော​မှ​သည်​မြစ်​တိုင်​အောင်​လည်း​ကောင်း ငါ​မှတ်​သား​မည်။ ထို​အ​ရပ်​သား​များ​ကို သင့်​လက်​သို့​ငါ​အပ်၍၊ သင်​သည် နှင်​ထုတ်​ရ​လိမ့်​မည်။

မြောက်​မျက်​နှာ တပ်​သား​တို့​ကို သင်​တို့​နေ​ရာ​မှ ငါ​ပယ်​ရှား​မည်။ အ​ဘယ်​သူ​မျှ မ​ရှိ၊ သွေ့​ခြောက်​သော အ​ရပ်​သို့ နှင်​ထုတ်​မည်။ အ​ရှေ့​ပင်​လယ်​ကို မျက်​နှာ​ပြု​လျက်၊ အ​နောက်​ပင်​လယ်​ကို ကျော​ခိုင်း​လျက် ချီ​သွား​လိမ့်​မည်။ ပုပ်​စပ်​နံ​စော်​သော အ​နံ့​ထွက်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား​သည် ကြီး​သော အ​မှု​တို့​ကို ပြု​တော်​မူ​မည်​ဟု မိန့်​တော်​မူ​လိမ့်​မည်။

လှည့်​လည်၍ ခ​ရီး​သွား​ကြ​လော့။ အာ​မော​ရိ​တောင်​သို့​လည်း​ကောင်း၊ ထို​တောင်​နှင့်​နီး​သော​အ​ရပ်၊ လွင်​ပြင်၊ တောင်​ရိုး၊ ချိုင့်၊ တောင်​မျက်​နှာ၊ ပင်​လယ်​နား​သို့​လည်း​ကောင်း၊ ခါ​နာန်​ပြည်၊ လေ​ဗ​နုန်​တောင်၊ ဥ​ဖ​ရတ်​မြစ်​ကြီး​တိုင်​အောင်​လည်း​ကောင်း သွား​ကြ​လော့။

ထို​ပြည်​ကို သင်​တို့​ရှေ့​မှာ ငါ​ထား​ပြီ။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အ​ဘ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​မှ​စ၍၊ သူ​တို့​အ​မျိုး​အ​နွယ်​အား ပေး​မည်​ဟု ကျိန်​တော်​မူ​သော​ပြည်​ကို ဝင်၍​သိမ်း​ယူ​ကြ​လော့​ဟု မိန့်​တော်​မူ၏။

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​ရှိ​သည်​အ​တိုင်း၊ သင်၏​နေ​ရာ​ပြည်​ကို ကျယ်​စေ​တော်​မူ​သော​အ​ခါ၊ သင်​သည် အ​မဲ​သား​ကို​စား​ချင်​သော​စိတ်​ရှိ၍၊ အ​မဲ​သား​ကို ငါ​စား​မည်​ဟု​ဆို​လျှင်၊ စား​ချင်​တိုင်း​စား​ရ​သော အ​ခွင့်​ရှိ၏။

နဿ​လိ​ပြည်​တစ်​လျှောက်​လုံး၊ ဧ​ဖ​ရိမ်​ပြည်၊ မ​နာ​ရှေ​ပြည်​နှင့်​တ​ကွ အ​ဝေး​ဆုံး​သော ပင်​လယ်​တိုင်​အောင်၊ ယု​ဒ​ပြည်​တစ်​လျှောက်​လုံး၊

ထို​နေ့​ရက်၌ မော​ရှေ​က၊ သင်​သည် ငါ၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လုံး​လုံး​လိုက်​သော​ကြောင့်၊ အ​ကယ်၍ သင်​နင်း​ပြီး​သော​မြေ​သည် အ​စဉ်​အ​ဆက် သင်၏​အ​မွေ၊ သင်၏​သား​မြေး​တို့၏​အ​မွေ ဖြစ်​ရ​လိမ့်​မည်​ဟု ကျိန်​ဆို​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ