Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 11:22

Judson Bible

သင်​တို့​သည် သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​သော​စိတ်​နှင့် လမ်း​တော်​သို့​လိုက်၍၊ ကိုယ်​တော်၌ ဆည်း​ကပ်​မှီ​ဝဲ​မည်​အ​ကြောင်း၊ ငါ​မှာ​ထား​သ​မျှ​သော ဤ​ပ​ညတ်​တို့​ကို ကျင့်​အံ့​သော​ငှာ သ​တိ​နှင့်​စောင့်​ရှောက်​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ထို​အ​ကြောင်း​ကြောင့် ယောက်ျား​သည် ကိုယ်​မိ​ဘ​ကို​စွန့်၍၊ ကိုယ်​ခင်​ပွန်း၌​မှီ​ဝဲ​သ​ဖြင့်၊ ထို​သူ​တို့​သည် တစ်​သား​တစ်​ကိုယ်​တည်း ဖြစ်​ရ​လိမ့်​မည်။

သက်​သေ​ခံ​တော်​မူ​ချက်​တို့၌ မှီ​ဝဲ​ပါ​ပြီ။ အို ထာ​ဝ​ရ​ဘု​ရား၊ အ​ရှက်​ကွဲ​စေ​တော်​မ​မူ​ပါ​နှင့်။

ယေ​ရှု​က၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့ ဉာဏ်​ရှိ​သ​မျှ​နှင့် ချစ်​လော့၊-

ထို​သူ​သည် ရောက်၍ ဘု​ရား​သ​ခင်၏ ကျေး​ဇူး​တော်​ကို မြင်​လျှင် ဝမ်း​မြောက်​ဝမ်း​သာ​ခြင်း​ရှိ၍ ထို​သူ​အ​ပေါင်း​တို့​သည် ယုံ​ကြည်​သော​စိတ်​နှင့် သ​ခင်​ဘု​ရား​ကို မှီ​ဝဲ​ဆည်း​ကပ်​မည်​အ​ကြောင်း တိုက်​တွန်း နှိုး​ဆော်​လေ၏။-

သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့၍ အ​မှု​တော်​ကို ဆောင်​ရွက်​ရ​မည်။ ကိုယ်​တော်၌ ဆည်း​ကပ်​ရ​မည်။ နာ​မ​တော်​အား​ဖြင့် ကျိန်​ဆို​ခြင်း​ကို ပြု​ရ​မည်။

သို့​ဖြစ်၍ သင်​သည် သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို ချစ်​ရ​မည်။ စီ​ရင်​ထုံး​ဖွဲ့​တော်​မူ​ချက်၊ မှာ​ထား​တော်​မူ​သော ပ​ညတ်​တော်​တို့​ကို အ​စဉ်​စောင့်​ရှောက်​ရ​မည်။

သင်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို စိတ်၊ နှ​လုံး​အ​ကြွင်း​မဲ့​ချစ်၍ အ​မှု​တော်​ကို​ဆောင်​ရွက်​မည်​အ​ကြောင်း၊ ယ​နေ့ ငါ​မှာ​ထား​သ​မျှ​သော ပ​ညတ်​တို့​ကို စေ့​စေ့​နား​ထောင်​လျှင်၊

သို့​ဖြစ်၍၊ သင်​နှင့် သင့်​အ​မျိုး​အ​နွယ်​သည် အ​သက်​ရှင်​မည် အ​ကြောင်း​နှင့်​လည်း​ကောင်း၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်၍ စ​ကား​တော်​ကို နား​ထောင်​သ​ဖြင့်၊ အ​သက်​ရှင်​ခြင်း​အ​ကျိုး၊ အ​သက်​တာ​ရှည်​ခြင်း​အ​ကျိုး​ကို ပေး​တော်​မူ​သော ကိုယ်​တော်​ကို ဆည်း​ကပ်​မှီ​ဝဲ​မည် အ​ကြောင်း​နှင့်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် သင်၏​ဘိုး​ဘေး အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်၌ နေ​မည်​အ​ကြောင်း​နှင့် ယှဉ်​သော​အ​သက်​တ​ရား​ကို ရွေး​ယူ​လော့​ဟု ဣ​သ​ရေ​လ​အ​မျိုး​အား ဟော​ပြော၏။

သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား ထား​တော်​မူ​သော​သက်​သေ​ခံ​ချက်၊ စီ​ရင်​ချက်၊ ပ​ညတ်​တ​ရား​တို့​ကို ကြိုး​စား၍​စောင့်​ရှောက်​ရ​မည်။

ယ​ခု​မှ​စ၍ ဓ​မ္မ​သ​ရ​ဖူ​သည် ငါ့​အ​ဖို့ သို​ထား​လျက်​ရှိ၏။ ထို​နေ့​ရက်၌ တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ​တည်း​ဟူ​သော သ​ခင်​ဘု​ရား​သည် ထို​သ​ရ​ဖူ​ကို ငါ၌​အပ်​ပေး​တော်​မူ​မည်။ ထို​မျှ​မ​က၊ ပေါ်​ထွန်း​တော်​မူ​ခြင်း​ကို တောင့်​တ​သော​သူ​အ​ပေါင်း​တို့၌​လည်း အပ်​ပေး​တော်​မူ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ