Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 11:15

Judson Bible

သင်​တို့​သည် ဝ​စွာ​စား​ရ​မည်​အ​ကြောင်း၊ သင်​တို့​တိ​ရ​စ္ဆာန်​များ​အ​ဖို့ လွင်​ပြင်၌​မြက်​ပင်​ကို ငါ​ပေါက်​စေ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အာ​ဟပ်​က​လည်း၊ တစ်​ပြည်​လုံး​သို့​လှည့်​လည်၍ စမ်း​ရေ​တွင်း​များ၊ ချောင်း​များ​ရှိ​ရာ​အ​ရပ်​ရပ်​သို့ သွား​လော့။ တိ​ရ​စ္ဆာန်​အ​ပေါင်း​တို့​သည် မ​သေ၊ မြင်း​နှင့်​လား​တို့​သည် အ​သက်​လွတ်​မည်​အ​ကြောင်း၊ မြက်​ပင်​ကို တွေ့​ကောင်း​တွေ့​လိမ့်​မည်​ဟု ဩ​ဗ​ဒိ​အား​ဆို​လျက်၊

တိ​ရ​စ္ဆာန်​ဖို့ မြက်​ပင်​ကို​လည်း​ကောင်း၊ လူ​သုံး​ဖို့ စ​ပါး​ပင်​ကို​လည်း​ကောင်း ပေါက်​စေ​တော်​မူ​သ​ဖြင့်၊ မြေ​ကြီး​ထဲ​က မုန့်​ကို​ထုတ်​ဖော်​တော်​မူ၏။

သ​မင်​မ​သည် လယ်​ပြင်၌​မွေး​သော​အ​ခါ မြက်​မ​ရှိ​သော​ကြောင့်၊ သား​ငယ်​ကို စွန့်​ပစ်၏။

တိ​ရ​စ္ဆာန်​တို့​သည် အ​လွန်​မြည်​တမ်း​ကြ၏။ နွား​စု​တို့​သည် ကျက်​စား​ရာ​အ​ရပ်​မ​ရှိ​သော​ကြောင့် ပင်​ပန်း​ကြ၏။ သိုး​စု​တို့​သည်​လည်း သေ​ကြ၏။

အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​သည် ထူး​တော်​မူ​လျက်၊ ငါ​သည် ဆန်​စ​ပါး၊ စ​ပျစ်​ရည်၊ ဆီ​ကို ပေး​လိုက်၍ သင်​တို့​သည် ဝ​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် တစ်​ပါး​အ​မျိုး​သား ကဲ့​ရဲ့​ရာ​ဖြစ်​စေ​ခြင်း​ငှာ ငါ​မ​ပြု။

အို တော​သား​ရဲ​တို့၊ မ​စိုး​ရိမ်​ကြ​နှင့်။ တော​မြက်​ပင် ပေါက်​လျက်၊ သစ်​ပင်​တို့​သည် အ​သီး​ကို​သီး​လျက်၊ သင်္ဘော​သ​ဖန်း​ပင်​နှင့် စ​ပျစ်​နွယ်​ပင်​တို့​လည်း အား​ထုတ်​လျက် ရှိ​ကြ၏။

သင်​တို့​သည် ဝ​စွာ စား​ရ​ကြ​လိမ့်​မည်။ အံ့​ဩ​ဖွယ်​သော အ​မှု​တို့​ကို သင်​တို့၌​ပြု​သော သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို ချီး​မွမ်း​ကြ​လိမ့်​မည်။ နောက်​တစ်​ဖန် ငါ၏​လူ​တို့​သည်​လည်း ရှက်​ကြောက်​ခြင်း မ​ရှိ​ရ​ကြ။

စ​ပါး​နင်း​နယ်​သော​အ​မှု​သည်၊ စ​ပျစ်​သီး​ညှစ်​ရာ​ကာ​လ​တိုင်​အောင်​လည်း​ကောင်း၊ စ​ပျစ်​သီး​ညှစ်​သော​အ​မှု​သည်၊ မျိုး​စေ့​ကြဲ​ရာ ကာ​လ​တိုင်​အောင်​လည်း​ကောင်း မီ​သ​ဖြင့်၊ သင်​တို့​သည်​ဝ​စွာ​စား၍၊ ကိုယ်​ပြည်၌​ဘေး​လွတ်​လျက် နေ​ရ​ကြ​လိမ့်​မည်။

သင်​တို့​သည် များ​စွာ​သော မျိုး​စေ့​ကို ကြဲ​သော်​လည်း အ​သီး​အ​နှံ​နည်း​ပါး​ရ၏။ စား​ရ​သော်​လည်း ဝ​စွာ​မ​စား​ရ​ကြ။ သောက်​သော်​လည်း ဝ​စွာ မ​သောက်​ရ​ကြ။ အ​ဝတ်​ကို​ဝတ်​ရ​သော်​လည်း နွေး​စွာ မ​ဝတ်​ရ​ကြ။ အ​လုပ်​လုပ်၍ အ​ခ​ကို​ခံ​ရ​သော်​လည်း မ​လုံ​သော​အိတ်​ထဲ​မှာ သို​ထား​ရ​ကြ၏။

သင်​မ​တူး​သော ရေ​တွင်း​တို့​ကို​လည်း​ကောင်း၊ သင်​မ​စိုက်​မ​ပျိုး​သော စ​ပျစ်​ဥ​ယျာဉ်​နှင့် သံ​လွင်​ပင်​တို့​ကို​လည်း​ကောင်း၊ သင့်​အား​ပေး​ခြင်း​ငှာ၊ သင်၏​အ​ဘ​အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား ကျိန်​ဆို​တော်​မူ​သော​ပြည်​သို့ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ကို​ဆောင်​သွင်း​တော်​မူ၍၊ သင်​သည် ဝ​စွာ​စား​လျက်​နေ​ရ​သော​အ​ခါ၊

ထို​ကောင်း​မွန်​သော​ပြည်​ကို ပေး​သ​နား​တော်​မူ​သည်​ဖြစ်၍၊ သင်​သည် ဝ​စွာ​စား​ရ​သော​အ​ခါ၊ သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ ဂုဏ်​ကျေး​ဇူး​တော်​ကို ချီး​မွမ်း​ရ​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ