သင်တို့သွား၍ ဝင်စားလတ္တံ့သောပြည်သည်ကား၊ ယာလုပ်သကဲ့သို့ မျိုးစေ့ကြဲ၍ ခြေဖြင့်ရေလောင်းရသော ပြည်တည်းဟူသော သင်တို့ထွက်လာသော အဲဂုတ္တုပြည်နှင့် တူသည်မဟုတ်။
အမှီတံကဲတို့သည်ပျက်၍၊ အခစားသောသူအပေါင်းတို့သည် ညှိုးငယ်သောစိတ် ရှိကြလိမ့်မည်။
ငါသည် တွင်းတူး၍ ရေကိုသောက်ရပြီ။ ငါ၏ခြေဖဝါးအားဖြင့် အဲဂုတ္တုမြစ်လက်ကြား ရေရှိသမျှကို ခန်းခြောက်စေပြီဟု သင်ဆိုမိပြီတကား။
ဝပြောသောပြည်၏အသီးအနှံ ဆီဥဆီကြည်ကိုစားစေခြင်းငှာ သင်တို့ကို ငါဆောင်သွင်း၍၊ သင်တို့သည် ဝင်စားသောအခါ၊ ငါ့ပြည်ကို ညစ်ညူးစေ၍၊ ငါ၏အမွေကို ရွံရှာဖွယ်ဖြစ်စေကြသည်တကား။
အဲဂုတ္တုပြည်သား အဆွေအမျိုးသည် မတက်မလာလျှင်၊ မိုးမရွာဘဲနေသဖြင့်၊ သကေနေပွဲကိုခံအံ့သောငှာတက်၍ မလာသောလူမျိုးတို့၌၊ ထာဝရဘုရားပေးတော်မူသောဘေးဒဏ်သည် ထိုသူတို့ကိုလည်း ထိလိမ့်မည်။
သင်တို့သွား၍ ဝင်စားလတ္တံ့သောပြည်သည် တောင်များ၊ ချိုင့်များနှင့်ပြည့်စုံ၍ မိုးရေကိုသောက်သောပြည်၊
ထာဝရဘုရားသည် သင်တို့၏ဘိုးဘေးတို့နှင့် သူတို့အမျိုးအနွယ်အားပေးခြင်းငှာ ကျိန်ဆိုတော်မူသောပြည်၊ နို့နှင့်ပျားရည်စီးသောပြည်၌ သင်တို့အသက်တာ ရှည်မည်အကြောင်း၊ ယနေ့ ငါမှာထားသမျှသောပညတ်တို့ကို စောင့်ရှောက်ရကြမည်။
အကြောင်းမူကား၊ သင်၏ ဘုရားသခင်ထာဝရဘုရားသည် ကောင်းသောပြည်၊ ချိုင့်ထဲ၊ တောင်ထဲကပေါက်သောမြစ်၊ ချောင်း၊ စမ်းရေတွင်း၊ ရေကန်များနှင့် ပြည့်စုံသောပြည်၊