တရားဟော 10:8Judson Bibleဣသရေလအမျိုးသားတို့သည် မောသရုတ်အရပ်မှ ခရီးသွား၍၊ ဗင်္ယာကန်အရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဟောရဂိဒ်ဂဒ်အရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ချောင်းမြစ်များရာ ယုပ္ဘာသအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှ ခရီးသွား၍ ဧဗြောနအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဧဇယုန်ဂါဗာအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဇိနတောကာဒေရှအရပ်၌ စခန်းချကြ၏။ ထိုအရပ်မှခရီးသွား၍ ဟောရတောင်၌ စခန်းချကြ၏။ ထိုအရပ်၌ အာရုန်သည် အနိစ္စရောက်၍၊ သူ့ကိုသင်္ဂြိုဟ်ရ၏။ သူ၏သားဧလာဇာသည် အဘ၏အရာ၌ ယဇ်ပုရောဟိတ်အမှုကို ဆောင်ရ၏။ အခန်းကိုကြည့်ပါ။ |
အာမရံသားကား အာရုန်နှင့်မောရှေတည်း။ အာရုန်နှင့် သားစဉ်မြေးဆက်တို့သည် ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းကိုမီးရှို့ခြင်း၊ အမှုတော်ကို ဆောင်ရွက်ခြင်း၊ နာမတော်ကိုမြွက်၍ အစဉ်ကောင်းချီးပေးခြင်းအမှုကို ပြုရမည်အကြောင်း၊ အလွန်သန့်ရှင်းသော အရာတို့ကို သန့်ရှင်းစေခြင်းငှာ အခြားသူတို့နှင့် ခွဲထားသောသူ ဖြစ်ကြ၏။
ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည်ပြန်လာလျှင်၊ သင့်ကိုငါဆောင်ခဲ့၍၊ သင်သည် ငါ၏အမှုကို ထမ်းရလိမ့်မည်။ သင်သည် မြတ်သောအရာနှင့် ယုတ်သောအရာတို့ကို ပိုင်းခြားခွဲထားလျှင်၊ ငါ့နှုတ်ကဲ့သို့ ဖြစ်ရလိမ့်မည်။ သူတို့သည် သင့်ထံသို့ ပြန်လာကြလိမ့်မည်။ သင်သည် သူတို့ရှိရာသို့ ပြန်၍မသွားရ။
ဣသရေလ အမျိုးသားတို့သည် ငါ့ထံမှထွက်၍ လမ်းလွှဲသောအခါ၊ ငါ၏သန့်ရှင်းရာဌာနကို စောင့်နေသော လေဝိအမျိုးဖြစ်သော ဇာဒုတ်သား၊ ယဇ်ပုရောဟိတ်တို့သည် ငါ့အမှုကိုဆောင်ခြင်းငှာ ငါ့ထံသို့ ချဉ်းကပ်ရကြမည်။ ငါ့အား ဆီဥနှင့်အသွေးကိုပူဇော်ခြင်းငှာ အရှေ့မှာ ရပ်ရကြမည်ဟု အရှင်ထာဝရဘုရား မိန့်တော်မူ၏။
ထိုသို့တပ်ချီချိန်ရောက်သောအခါ အာရုန်နှင့်သူ၏သားတို့သည် သန့်ရှင်းရာဌာနတော်နှင့် သန့်ရှင်းသောတန်ဆာရှိသမျှတို့ကို ဖုံးအုပ်သောနောက်၊ ကောဟတ်သားတို့သည် ထမ်းခြင်းငှာချဉ်းကပ်ရကြမည်။ သို့ရာတွင် သူတို့သည် သေဘေးနှင့်လွတ်မည်အကြောင်း သန့်ရှင်းသောအရာကိုမကိုင်ရ၊ ဤရွေ့ကား ပရိသတ်စည်းဝေးရာတဲတော်၌ ကောဟတ်သားများ ဆောင်ရွက်ရသောအမှုပေတည်း။
သင်၏ဘုရားသခင် ထာဝရဘုရားအမှုတော်ကို ဆောင်ရွက်စေခြင်းငှာလည်းကောင်း၊ ထာဝရဘုရားအခွင့်နှင့် ကောင်းချီးပေးစေခြင်းငှာလည်းကောင်း ရွေးချယ်တော်မူသော လေဝိသားယဇ်ပုရောဟိတ်တို့သည် ချဉ်း၍ တရားတွေ့ခြင်းအမှု၊ ရိုက်ပုတ်ခြင်းအမှု ရှိသမျှတို့ကို စီရင်ဆုံးဖြတ်ရကြမည်။