သင်၏အကျိုးကိုထောက်၍ ယနေ့ငါဆင့်ဆိုသော ထာဝရဘုရား၏ပညတ်တော်ကို စောင့်ရှောက်ခြင်းအမှုမှတစ်ပါး၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် အဘယ်အမှုကို တောင်းတော်မူသနည်း။
ရှောလမုန်သည် ထာဝရဘုရားကိုချစ်၍ ခမည်းတော်ဒါဝိဒ်၏ စီရင်ချက်တို့ကို စောင့်ရှောက်တတ်၏။ သို့ရာတွင် မြင့်သောအရပ်တို့၌ယဇ်ပူဇော်၍ နံ့သာပေါင်းကိုမီးရှို့၏။
သင်သည် ပညာရှိလျှင်၊ ကိုယ်တိုင်အကျိုးကို ခံရလိမ့်မည်။ မထီမဲ့မြင်ပြုလျှင် ကိုယ်တိုင်သာအပြစ်ကိုခံရလိမ့်မည်။
ကိုယ်အကျိုးအလိုငှာလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သော သားသမီးတို့၏ အကျိုးအလိုငှာလည်းကောင်း၊ ငါ့ကို အစဉ် ကြောက်ရွံ့စေခြင်းငှာ တညီတညွတ်တည်း ကျင့်ကြံနိုင်သောသဘောကို ငါပေးမည်။
အို ဣသရေလအမျိုး၊ သင်၏ဘုရားသခင် ထာဝရဘုရားကိုကြောက်ရွံ့၍၊ လမ်းတော်သို့လိုက်သွားခြင်း၊ သင်၏ ဘုရားသခင်ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့ချစ်၍ အမှုတော်ကိုဆောင်ရွက်ခြင်း၊
မိုးကောင်းကင်နှင့် ကောင်းကင်ဘဝဂ်ကိုလည်းကောင်း၊ မြေကြီးနှင့် မြေကြီးတန်ဆာရှိသမျှကိုလည်းကောင်း၊ သင်၏ ဘုရားသခင်ထာဝရဘုရား ပိုင်တော်မူ၏။
ထာဝရဘုရားသည် ယနေ့တိုင်အောင် ကျေးဇူးပြုတော်မူသကဲ့သို့၊ ငါတို့အသက်ကိုစောင့်တော်မူမည်အကြောင်း၊ ငါတို့သည် ကိုယ်အကျိုးကိုထောက်၍၊ ငါတို့ဘုရားသခင် ထာဝရဘုရားကိုကြောက်ရွံ့လျက်၊ ဤပညတ်အလုံးစုံတို့ကို ကျင့်စေခြင်းငှာ မှာထားတော်မူ၏။
လွှတ်ခြင်းနှင့်စပ်ဆိုင်၍ စုံလင်သောတရား၌ စေ့စေ့ကြည့်ရှု၍ တည်ကြည်သောသူမူကား၊ တရားနာ၍ မေ့လျော့သောသူ မဟုတ်၊ အကျင့်ကျင့်သောသူဖြစ်သဖြင့်၊ မိမိကျင့်သောအကျင့်၌ မင်္ဂလာရှိသောသူ ဖြစ်၏။