ငါဆင့်ဆိုသော်လည်း သင်တို့သည်နားမထောင်၊ ထာဝရဘုရား၏အမိန့်တော်ကိုငြင်းဆန်၍ ခိုင်ခံ့သောစိတ်နှင့် တောင်ပေါ်သို့တက်ကြ၏။
သူတို့သည်လည်း ပုန်ကန်၍၊ သန့်ရှင်းသောဝိညာဉ်တော်ကို နာစေကြ၏။ ထိုကြောင့်၊ သူတို့ကို ရန်ဘက်ပြု၍ စစ်တိုက်တော်မူ၏။
နံနက်စောစောထ၍ တောင်ထိပ်ပေါ်သို့တက်ပြီးလျှင် ငါတို့သည် ပြစ်မှားပြီ။ သို့သော်လည်း ယခုအသင့်ရှိပါ၏။ ထာဝရဘုရား ကတိထားတော်မူသောပြည်သို့ သွားပါမည်ဟုဆိုကြသော်၊
သူတို့သည် ခိုင်ခံ့သောစိတ်နှင့် တောင်ထိပ်ထက်သို့ တစ်ဖန်တက်ကြ၏။ သို့ရာတွင်၊ ထာဝရဘုရား၏ ပဋိညာဉ်သေတ္တာတော်နှင့်တကွ၊ မောရှေသည် တပ်ပြင်သို့မထွက်မသွားဘဲ နေလေ၏။
ဣသရေလအမျိုးသားဖြစ်စေ၊ တစ်ပါးအမျိုးသားဖြစ်စေ၊ ရဲရင့်စွာပြစ်မှားလျှင်၊ ထာဝရဘုရားကို မရိုသေရာသို့ ရောက်သည်ဖြစ်၍၊ ထိုသူကို သူ၏အမျိုးမှပယ်ရှင်းရမည်။
လည်ပင်းခိုင်မာ၍ နှလုံးဖြင့်လည်းကောင်း၊ နားဖြင့်လည်းကောင်း အရေဖျားလှီးခြင်းကို မခံသောလူတို့၊ သင်တို့သည် သန့်ရှင်းသော ဝိညာဉ်တော်ကို အစဉ်မပြတ် ဆန့်ကျင်ဘက်ပြုလေ့ရှိကြ၏။ သင်တို့ဘိုးဘေးများ၏ အလေ့နှင့် သင်တို့အလေ့တူ၏။-
သင်တို့သည်မသွားဘဲ၊ သင်တို့ဘုရားသခင် ထာဝရဘုရား၏အမိန့်တော်ကိုဆန်လျက်၊
သင်၏ဘုရားသခင် ထာဝရဘုရားရှေ့တော်၌ အမှုတော်ကိုစောင့်သော ယဇ်ပုရောဟိတ်၊ တရားသူကြီးစကားကို နားမထောင်ဘဲ ရဲရင့်စွာပြုသောသူကို အသေသတ်သဖြင့် ဣသရေလအမျိုးမှ ဒုစရိုက်ကိုပယ်ရမည်။