Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တ​ရား​ဟော 1:29

Judson Bible

ထို​အ​ခါ​ငါ​က၊ မ​ထိတ်​လန့်​ကြ​နှင့်၊ သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​က၊ အို​ယော​ရှ​ဖတ်​မင်း​ကြီး​နှင့် ယု​ဒ​ပြည်​သူ၊ ယေ​ရု​ရှ​လင်​မြို့​သား​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​အ​လုံး​အ​ရင်း​ကြီး​ကြောင့် မ​ကြောက်​ကြ​နှင့်။ စိတ်​မ​ပျက်​ကြ​နှင့်။ စစ်​မှု​သည် သင်​တို့​တာ​မ​ဟုတ်၊ ဘု​ရား​သ​ခင့်​တာ ဖြစ်၏။

ထို​အ​မှု​အ​လုံး​စုံ​တို့​ကို ကြည့်​ရှု​စီ​ရင်​ပြီး​မှ မှူး​မတ်၊ မင်း​အ​ရာ​ရှိ၊ ကြွင်း​သော​သူ​တို့​အား ခေါ်၍၊ ရန်​သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ကြီး​မြတ်၍ ကြောက်​မက်​ဖွယ် ဖြစ်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို အောက်​မေ့​ကြ​လော့။ ညီ​အစ်​ကို သား​မ​ယား​အိမ်​ရာ​အ​ဖို့ တိုက်​ကြ​လော့​ဟု ဆို၏။

ယေ​ရု​ရှ​လင်​မြို့​ကို စစ်​ချီ၍​တိုက်​မည်။ ထို​အ​မှု​ကို ဖျက်​မည်​ဟု တ​ညီ​တ​ညွတ်​တည်း တိုင်​ပင်​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​ကို မ​ပုန်​ကန်​ကြ​ပါ​နှင့်။ ထို​ပြည်​သူ​ပြည်​သား​တို့​ကို မ​ကြောက်​ကြ​နှင့်။ သူ​တို့​သည် ငါ​တို့​စား​စ​ရာ​ဖို့​ဖြစ်​ကြ၏။ သူ​တို့၌ အ​မှီ​တံ​ကဲ​မ​ရှိ။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ဘက်၌ ရှိ​တော်​မူ၏။ သို့​ဖြစ်၍ သူ​တို့​ကို​မ​ကြောက်​ကြ​နှင့်​ဟု ပြော​ဆို​ကြ​လေ​သော်။

ငါ​တို့​သည် အ​ဘယ်​သို့​သွား​ရ​မည်​နည်း။ ညီ​အစ်​ကို​တို့​က၊ ထို​ပြည်​သား​တို့​သည် ငါ​တို့​ထက်​သာ၍​ကြီး၏။ အ​ရပ်​လည်း​သာ၍​မြင့်၏။ မြို့​လည်း မိုး​ကောင်း​ကင်​သို့​ထိ​သော မြို့​ရိုး​လည်း​ရှိ၏။ ထို​ပြည်၌​လည်း၊ အာ​န​က​အ​မျိုး​သား​တို့​ကို မြင်​ရ၏​ဟု ငါ​တို့​စိတ်​ကို​ဖျက်​ကြ​ပြီ​ဟု သင်​တို့​သည် တဲ​များ၌​ဆန့်​ကျင်​ဘက်​ပြု​ကြ၏။

သင်​တို့​ရှေ့​မှာ​ကြွ​တော်​မူ​သော သင်​တို့၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​မျက်​မှောက်၊ အဲ​ဂု​တ္တု​ပြည်၌​လည်း​ကောင်း၊

သင်​သည် ရန်​သူ​တို့​ကို စစ်​တိုက်​ခြင်း​ငှာ ချီ​သွား​သော​အ​ခါ၊ ကိုယ်​ထက်​သာ၍​များ​သော​မြင်း၊ ရ​ထား၊ လူ​တို့​ကို​မြင်​သော်​လည်း မ​ကြောက်​နှင့်။ သင့်​ကို အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​သော သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် သင့်​ဘက်၌​ရှိ​တော်​မူ၏။

အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​ကြ​လော့။ မ​စိုး​ရိမ်​ကြ​နှင့်။ သူ​တို့​ကို မ​ကြောက်​ကြ​နှင့်။ ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​ဘု​ရား​သ​ခင်​ဖြစ်၍ သင်​တို့​နှင့်​အ​တူ ကိုယ်​တိုင်​ကြွ​တော်​မူ မည်။ သင်​တို့​ကို စွန့်​တော်​မ​မူ၊ ပစ်​ထား​တော်​မ​မူ​ဟု ဟော​ပြော၏။

သူ​တို့​ကို​မ​ကြောက်​ရ။ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဖာ​ရော​ဘု​ရင်​နှင့် အဲ​ဂု​တ္တု​ပြည်​တစ်​ပြည်​လုံး၌ ပြု​တော်​မူ​သော​အ​မှု​ကို​လည်း​ကောင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ