ထိုအခါငါကလည်း၊ ငါတို့ဘုရားသခင် ထာဝရဘုရားပေးတော်မူသော အာမောရိတောင်သို့ သင်တို့သည်ရောက်ကြပြီ။
ငါတို့သည် ဟောရပ်အရပ်မှထွက်သောနောက်၊ အာမောရိတောင်သို့ သွားသောလမ်းနားမှာ ကြောက်မက်ဖွယ်ဖြစ်၍ သင်တို့တွေ့မြင်သော တောကြီးအလယ်၌၊ ငါတို့ဘုရားသခင်ထာဝရဘုရား မှာထားတော်မူသည်အတိုင်း လျှောက်သွား၍၊ ကာဒေရှဗာနာအရပ်သို့ ရောက်ကြ၏။
သင်တို့ ဘုရားသခင်ထာဝရဘုရားသည် ပြည်တော်ကို သင်တို့ရှေ့မှာ ထားတော်မူပြီ။ သင်တို့အဘများ၏ ဘုရားသခင်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ တက်သွား၍ သိမ်းယူကြလော့။ မကြောက်ကြနှင့်။ စိတ်လည်းမပျက်ကြနှင့်ဟု ပြောဆို၏။