Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 9:23

Judson Bible

ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​အ​တိုင်း တဲ၌​နေ​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​အ​တိုင်း​လည်း ခ​ရီး​သွား​ကြ၏။ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း ထာ​ဝ​ရ​ဘု​ရား​အ​ထံ​တော်၌ စောင့်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

အ​ကြောင်း​မူ​ကား၊ အာ​ဗြ​ဟံ​သည် ငါ့​စ​ကား​ကို​နား​ထောင်၍၊ ငါ​စီ​ရင်​မှာ​ထား​သော ပ​ညတ်​တ​ရား​အ​မျိုး​မျိုး​တို့​ကို စောင့်​ရှောက်​သ​တည်း​ဟု မိန့်​တော်​မူ၏။

သူ​တို့​နေ​စ​ရာ​မြို့​သို့ ရောက်​စေ​ခြင်း​ငှာ၊ ဖြောင့်​သော​လမ်း​ဖြင့် ပို့​ဆောင်​တော်​မူ၏။

အ​ကျွန်ုပ်​ကို ဉာဏ်​ပေး၍ ပဲ့​ပြင်​တော်​မူ​မည်။ နောက်​တစ်​ဖန် ဘုန်း​အ​သ​ရေ၌ သိမ်း​ယူ​တော်​မူ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း၊ သိန်​တော​ထဲ​က​ထွက်၍​ခ​ရီး​သွား​သ​ဖြင့်၊ ရေ​ဖိ​ဒိမ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်၌ လူ​များ​သောက်​ဖို့​ရာ​ရေ​မ​ရှိ။

ချိုင့်​ထဲ​သို့​သိုး​နွား ဆင်း​သွား​သ​ကဲ့​သို့၊ ထာ​ဝ​ရ​ဘု​ရား၏ ဝိ​ညာဉ်​တော်​သည် ငြိမ်​ဝပ်​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။ ထို​သို့ အ​သ​ရေ​တော်​ကို ထင်​ရှား​စေ​ခြင်း​ငှာ၊ ကိုယ်​တော်၏​လူ​တို့​ကို ဆောင်​သွား​တော်​မူ​ပါ​ပြီ။

ငါ၏​သန့်​ရှင်း​ရာ​ဌာ​န​ကို မ​စောင့်။ ထို​ဌာ​န၌ စောင့်​သော​သူ​တို့​ကို ကိုယ်​အ​လို​အ​လျောက်​ခန့်​ထား​ကြ​ပြီ။

သင်​သည် ငါ့​လမ်း​သို့​လိုက်၍ ငါ့​ပ​ညတ်​တ​ရား​ကို စောင့်​ရှောက်​လျှင်၊ ငါ့​အိမ်​ကို စီ​ရင်​ရ​သော​အ​ခွင့်၊ ငါ့ တံ​တိုင်း​တို့​ကို စောင့်​ရ​သော​အ​ခွင့် ရှိ​လိမ့်​မည်။ ရှေ့​တော်၌​ရပ်​နေ​သော သူ​အ​ချို့​တို့​ကို၊ သင့်​အား လမ်း​ပြ​ရ​သော​သူ ဖြစ်​မည်​အ​ကြောင်း ငါ​ခန့်​ထား​မည်။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား

ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ပ​ထ​မ​ခ​ရီး​သွား​ခြင်း​ကို ပြု​ကြ၏။

မိုး​တိမ်​သည် တဲ​တော်​အ​ပေါ်​မှာ နေ့​ရက်​ကြာ​မြင့်​စွာ​တည်​နေ​သော​အ​ခါ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခ​ရီး​မ​သွား​ဘဲ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ စောင့်​နေ​ကြ၏။

ယ​နေ့​တိုင်​အောင် ကြာ​မြင့်​စွာ​သော​ကာ​လ​ပတ်​လုံး သင်​တို့​သည် ညီ​အစ်​ကို​များ​ကို မ​စွန့်​ဘဲ​နေ၍၊ သင်​တို့ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​စီ​ရင်​မှာ​ထား​တော်​မူ​သ​မျှ​ကို စောင့်​ရှောက်​ကြ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ