ထိုသို့အစဉ်ဖြစ်၍ နေ့အချိန်၌မိုးတိမ်ဖုံးအုပ်လျက်၊ ညအချိန်၌မီးကဲ့သို့ ထင်လျက်ရှိ၏။
ထိုမှတစ်ပါး၊ နေ့အချိန်၌ မိုးတိမ်တိုင်အားဖြင့်လည်းကောင်း၊ ညအချိန်၌ သူတို့သွားရာလမ်းကို လင်းစေသော မီးတိုင်အားဖြင့်လည်းကောင်း၊ သူတို့ကို ပို့ဆောင်တော်မူ၏။
ကိုယ်တော်သည် အထူးသဖြင့် သနားတတ်သော ဘုရားဖြစ်တော်မူ၍၊ တော၌သူတို့ကို စွန့်ပစ်တော်မမူ။ နေ့အချိန်၌ လမ်းပြသော မိုးတိမ်တိုင်မပျောက်၊ ညအချိန်၌ သူတို့သွားရာလမ်းကို လင်းစေသော မီးတိုင်လည်း မကွယ်။
သူတို့အပေါ်မှာ မိုးတိမ်ကိုဖြန့်မိုး၍၊ ညအခါလင်းစရာဖို့ မီးကိုပေးတော်မူ၏။
နေ့အချိန်၌ကား၊ မိုးတိမ်ဖြင့်လည်းကောင်း၊ ညအချိန်၌ကား တစ်ညလုံး မီးအလင်းဖြင့်လည်းကောင်း သူတို့ကို လမ်းပြတော်မူ၏။
ထိုအခါ မိုးတိမ်သည် ပရိသတ်စည်းဝေးရာ တဲတော်ကိုလွှမ်းမိုး၍၊ ထာဝရဘုရား၏ဘုန်းတော်သည် တဲတော်ကိုဖြည့်လေ၏။
ခရီးသွားလေရာရာတွင် ဣသရေလအမျိုးသားအပေါင်းတို့ရှေ့မှောက်၌ ထာဝရဘုရား၏မိုးတိမ်သည် နေ့အခါတဲတော်အပေါ်မှာ တည်နေ၏။ ညအခါ မီးလျှံဖြစ်လျက် တည်နေလေသတည်း။
ညီအစ်ကိုတို့၊ ငါတို့ဘိုးဘေးအပေါင်းတို့သည် မိုးတိမ်အောက်မှာရှိ၍၊ ပင်လယ်အလယ်၌ လျှောက်သွားကြသည်ဟူ၍လည်းကောင်း၊-
ထိုတရားဟူမူကား၊ ဘုရားသခင်သည် ခရစ်တော်အထဲ၌ ရှိနေလျက်၊ လောကီသားတို့၏ အပြစ်များကို မှတ်တော်မမူ၊ ရန်ကိုငြိမ်းစေ၍ ကိုယ်တော်နှင့် မိတ်သဟာယဖွဲ့စေတော်မူ၏။ ထိုမိတ်သဟာယတရားကိုလည်း ငါတို့၌ အပ်ပေးတော်မူ၏။-
ကောင်းကင်မှကြီးသော အသံကား၊ ဘုရားသခင်၏ တဲတော်သည် လူတို့တွင်ရှိ၏။ လူတို့နှင့်အတူ ကျိန်းဝပ်တော်မူမည်။ သူတို့သည် ကိုယ်တော်၏လူ ဖြစ်ကြလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ ဘုရားသခင် ဖြစ်တော်မူမည်။-