Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 8:24

Judson Bible

လေ​ဝိ​သား​တို့​သည် အ​သက်​နှစ်​ဆယ်​ငါး​နှစ်​လွန်​မှ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​အ​မှု​ကို​ဆောင်​ရွက်​ခြင်း​ငှာ ဝင်​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

လေ​ဝိ​သား​တို့​တွင် အ​သက်​သုံး​ဆယ်​လွန်၍ စာ​ရင်း​ဝင်​သော ယောက်ျား​ပေါင်း​ကား၊ သုံး​သောင်း​ရှစ်​ထောင်​တည်း။

အ​ဆွေ​အ​မျိုး​အ​လိုက်​စာ​ရင်း​ဝင်၍၊ အ​သက်​နှစ်​ဆယ်​လွန်​သ​ဖြင့်၊ သင်း​ဖွဲ့​သည်​အ​တိုင်း၊ အ​မှု​တော်​စောင့်​သော ယဇ်​ပု​ရော​ဟိတ် လေ​ဝိ​သား​တို့​အား​လည်း​ကောင်း၊

ဣ​သ​ရေ​လ​အ​မျိုး​သား​စည်း​ဝေး​ရာ၊ ပ​ရိ​သတ်​အ​ပေါ်​မှာ အ​မျက်​တော်​မ​သက်​ရောက်​စေ​ခြင်း​ငှာ၊ လေ​ဝိ​သား​တို့​သည် သက်​သေ​ခံ​ချက် တဲ​တော်​ပတ်​လည်၌ နေ​ရာ​ချ၍ သက်​သေ​ခံ​ချက်​တဲ​တော်​ကို စောင့်​ရှောက်​ရ​မည်​ဟု၊

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မိန့်​တော်​မူ​သည်​ကား၊

အ​သက်​ငါး​ဆယ်​လွန်​မှ​အ​မှု​လွတ်၍ နောက်​တစ်​ဖန်​မ​ဆောင်​ရွက်​ဘဲ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ မိ​မိ​ညီ​အစ်​ကို​တို့​နှင်​အ​တူ ကူ​ညီ၍ အ​လှည့်​လှည့်​စောင့်​ရ​ကြ​မည်။ ထို​သို့ လေ​ဝိ​သား​များ​စောင့်​ရ​သော​အ​မှု​ကို စီ​ရင်​ရ​မည်​ဟု မိန့်​တော်​မူ၏။

အ​ဘယ်​သူ​သည် ကိုယ်​စ​ရိတ်​ကို​သုံး၍ စစ်​မှု​ကို ထမ်း​ရ​သ​နည်း။ အ​ဘယ်​သူ​သည် ဥ​ယျာဉ်​ကို​စိုက်​ပျိုး၍ အ​သီး​ကို​မ​စား​ဘဲ နေ​ရ​သ​နည်း။ အ​ဘယ်​သူ​သည် သိုး​ထိန်း​လုပ်၍ သိုး​နို့​ကို​မ​သုံး​ဘဲ နေ​ရ​သ​နည်း။

ငါ​တို့​စစ်​တိုက်၍ သုံး​စွဲ​သော လက်​နက်​သည် ဇာ​တိ​ပ​က​တိ​လက်​နက် မ​ဟုတ်။ ဘု​ရား​သ​ခင်၏ တန်​ခိုး​တော်​အား​ဖြင့် မြို့​ရိုး​မြို့​ပြ​တို့​ကို ဖြို​ဖျက်​နိုင်​သော​လက်​နက် ဖြစ်၏။-

ငါ့​သား​တိ​မော​သေ၊ သင့်​ကို​ရည်​မှတ်၍ ဟော​ပြော​ခဲ့​ပြီး​သော အ​နာ​ဂ​တ္တိ​စ​ကား​ကို သင်​သည်​အ​မှီ​ပြု၍၊ ယုံ​ကြည်​ခြင်း​ကို​လည်း​ကောင်း၊ ကိုယ်​ကို​ကိုယ်​သိ​သော စိတ်​ကြည်​လင်​ခြင်း​ကို​လည်း​ကောင်း စွဲ​လမ်း၍ ကောင်း​သော​စစ်​ကို တိုက်​စေ​ခြင်း​ငှာ၊ ထား​ခဲ့​ပြီး​သော ထို​အ​နာ​ဂ​တ္တိ​စ​ကား​နှင့်​အ​ညီ၊ အ​ထက် ငါ​ဆို​ခဲ့​ပြီး​သော ပ​ညတ်​ထား​ခြင်း​အ​ခွင့်​ကို သင်၌ ငါ​အပ်​ပေး၏။-

ယုံ​ကြည်​ခြင်း​နှင့်​ဆိုင်၍ ကောင်း​စွာ​သော တိုက်​လှန်​ခြင်း​ကို ပြု​လော့။ ထာ​ဝ​ရ​အ​သက်​ကို ကိုင်​ယူ​လော့။ ထို​အ​သက်​ကို​ရ​မည်​အ​ကြောင်း၊ သင်​သည် ခေါ်​တော်​မူ​ခြင်း​ကို​ခံ​ရ၍၊ သက်​သေ​အ​များ​တို့ ရှေ့၌ ကောင်း​မွန်​စွာ​ဝန်​ခံ​ပြီ။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ