Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 8:20

Judson Bible

လေ​ဝိ​သား​အ​မှု၌၊ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​နှင့်​အာ​ရုန်​အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် လေ​ဝိ​သား​တို့​ကို​ပြု​ကြ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ မော​ရှေ​နှင့်​အာ​ရုန်၌ ထာ​ဝ​ရ​ဘု​ရား​ပ​ညတ်​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​သည် ပြု​ကြ၏။

လေ​ဝိ​သား​တို့​အား သက်​သေ​ခံ​ချက်​တဲ​တော်​ကို​လည်း​ကောင်း၊ တဲ​တော်​တန်​ဆာ ရှိ​သ​မျှ​ကို​လည်း​ကောင်း၊ တဲ​တော်​နှင့်​ဆိုင်​သ​မျှ​တို့​ကို​လည်း​ကောင်း​အပ်၍၊ သူ​တို့​သည် တဲ​တော်​နှင့် တဲ​တော်​တန်​ဆာ​အ​လုံး​စုံ​ကို ဆောင်​ရွက်​ရ​ကြ​မည်။ တဲ​တော်​မှု​ကို​လည်း ထမ်း​ရ​ကြ​မည်။ တပ်​ချ​သော​အ​ခါ တဲ​တော်​ပတ်​လည်၌ မိ​မိ​တို့​နေ​ရာ​ချ​ရ​ကြ​မည်။

မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြု​ကြ၏။

သူ​တို့​သည်​လည်း ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌၊ ဣ​သ​ရေ​လ​အ​မျိုး​သား ဆောင်​ရွက်​ရ​သော​အ​မှု​ကို ဆောင်​ရွက်​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​သို့ ချဉ်း​ကပ်​သော​အ​ခါ၊ ဘေး​ဒဏ်​နှင့်​လွတ်​မည်​အ​ကြောင်း၊ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ထဲ​က လေ​ဝိ​သား​တို့​ကို အာ​ရုန်​နှင့်​သူ၏​သား​တို့​အား စွန့်​ကြဲ​ပေး​ကမ်း​သည်​ဟု၊

သူ​တို့​သည်​စင်​ကြယ်​ခြင်း​သို့​ရောက်၍ မိ​မိ​တို့​အ​ဝတ်​ကို လျှော်​ကြ၏။ အာ​ရုန်​သည်​လည်း၊ သူ​တို့​ကို ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ကပ်၍ သူ​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​သ​ဖြင့် စင်​ကြယ်​စေ​လေ၏။

နှစ်​ရက်​ဖြစ်​စေ၊ တစ်​လ​ဖြစ်​စေ၊ တစ်​နှစ်​ဖြစ်​စေ၊ မိုး​တိမ်​သည် တဲ​တော်​ပေါ်​မှာ တည်​နေ​သ​မျှ​သော​ကာ​လ​ပတ်​လုံး ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ခ​ရီး​မ​သွား​ဘဲ တဲ၌​နေ​ကြ၏။ တစ်​ဖန်​မိုး​တိမ်​မြောက်​ပြန်​သော​အ​ခါ ခ​ရီး​သွား​ကြ၏။

သိန်​တော​တွင် ပ​ထ​မ​လ တစ်​ဆယ်​လေး​ရက်​နေ့ ညဉ့်​ဦး​ယံ၌ ပ​သ​ခါ​ပွဲ​ကို​ခံ​ရ​ကြ၏။ မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြု​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ