တောလည် 8:19Judson Bibleသူတို့သည်လည်း ပရိသတ်စည်းဝေးရာတဲတော်၌၊ ဣသရေလအမျိုးသား ဆောင်ရွက်ရသောအမှုကို ဆောင်ရွက်စေခြင်းငှာလည်းကောင်း၊ ဣသရေလအမျိုးသားတို့သည် သန့်ရှင်းရာဌာနတော်သို့ ချဉ်းကပ်သောအခါ၊ ဘေးဒဏ်နှင့်လွတ်မည်အကြောင်း၊ အပြစ်ဖြေခြင်းကိုပြုစေခြင်းငှာလည်းကောင်း၊ ဣသရေလအမျိုးထဲက လေဝိသားတို့ကို အာရုန်နှင့်သူ၏သားတို့အား စွန့်ကြဲပေးကမ်းသည်ဟု၊ အခန်းကိုကြည့်ပါ။ |
လေဝိသားတို့အား သက်သေခံချက်တဲတော်ကိုလည်းကောင်း၊ တဲတော်တန်ဆာ ရှိသမျှကိုလည်းကောင်း၊ တဲတော်နှင့်ဆိုင်သမျှတို့ကိုလည်းကောင်းအပ်၍၊ သူတို့သည် တဲတော်နှင့် တဲတော်တန်ဆာအလုံးစုံကို ဆောင်ရွက်ရကြမည်။ တဲတော်မှုကိုလည်း ထမ်းရကြမည်။ တပ်ချသောအခါ တဲတော်ပတ်လည်၌ မိမိတို့နေရာချရကြမည်။
ဗက်ရှေမက်မြို့သားတို့သည် ထာဝရဘုရား၏ သေတ္တာတော်ထဲသို့ ကြည့်ရှုမိသောကြောင့်၊ လူခုနစ်ဆယ်နှင့် လူငါးသောင်းတို့သည် ဒဏ်ခတ်တော်မူခြင်းကို ခံရကြ၏။ ထိုသို့ ထာဝရဘုရားသည် ကြီးစွာသော လုပ်ကြံခြင်းအားဖြင့် ဒဏ်ပေးတော်မူသောကြောင့်၊ လူများတို့သည် ငိုကြွေးမြည်တမ်းကြ၏။