Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 8:11

Judson Bible

သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား၏​အ​မှု​တော်​ကို ထမ်း​စေ​ခြင်း​ငှာ၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပြု​သော ပူ​ဇော်​သ​ကာ​တည်း​ဟူ​သော လေ​ဝိ​သား​တို့​ကို အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အာ​ရုန်​လက်၊ သူ၏​သား​တို့​လက်၌ ထို​အ​ရာ​တို့​ကို​ထား​ပြီး​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ချီ​လွှဲ၍၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ပြု​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရင်​ပတ်​ကို​ချီ​လွှဲ၍၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ ပြု​စေ​ခြင်း​ငှာ၊ ရင်​ပတ်​နှင့် ဆီ​ဥ​တည်း​ဟူ​သော​မီး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​အ​ရာ​ကို ကိုယ်​တိုင်​ဆောင်​ခဲ့​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပြု​သော မိတ်​သ​ဟာ​ယ​ယဇ်​များ​ထဲ​က ချီ​လွှဲ​သော​ရင်​ပတ်၊ ချီ​မြှောက်​သော​ပ​ခုံး​ကို ငါ​နုတ်​ယူ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​နှင့် သူ၏​သား​တို့​အား ထာ​ဝ​ရ​ပ​ညတ်​တော်​အား​ဖြင့် ငါ​ပေး​ပြီ​ဟု မိန့်​တော်​မူ၏။

အာ​ရုန်၏​လက်၊ သူ၏​သား​တို့​လက်၌ ထို​အ​ရာ​တို့​ကို​ထား၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌၊ ချီ​လွှဲ​သ​ဖြင့်၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ပြု​လေ​၏။

ထို​နောက် မော​ရှေ​သည် ရင်​ပတ်​ကို​ယူ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​သ​ဖြင့်၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ပြု​လေ၏။ အ​ရာ၌​ခန့်​ထား​ရာ​သိုး၏ ရင်​ပတ်​သည် မော​ရှေ၏​အ​ဖို့ ဖြစ်​သ​တည်း။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​ရာ​ပူ​ဇော်​သ​ကာ​ဖို့ ချီ​လွှဲ​ရ​မည်။ ထို​အ​ရာ​တို့​သည်၊ ချီ​လွှဲ​ရာ​ရင်​ပတ်၊ ချီ​လွှဲ​ရာ​ပ​ခုံး​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အ​ဖို့ သန့်​ရှင်း​ရ​မည်။ ထို​နောက်​မှ နာ​ဇ​ရိ​လူ​သည် စ​ပျစ်​ရည်​ကို​သောက်​ရ​သော​အ​ခွင့်​ရှိ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် မော​သ​ရုတ်​အ​ရပ်​မှ ခ​ရီး​သွား၍၊ ဗင်္ယာ​ကန်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဟော​ရ​ဂိဒ်​ဂဒ်​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ချောင်း​မြစ်​များ​ရာ ယု​ပ္ဘာ​သ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ ခ​ရီး​သွား၍ ဧ​ဗြော​န​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဧ​ဇ​ယုန်​ဂါ​ဗာ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဇိ​န​တော​ကာ​ဒေ​ရှ​အ​ရပ်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်​မှ​ခ​ရီး​သွား၍ ဟော​ရ​တောင်၌ စ​ခန်း​ချ​ကြ၏။ ထို​အ​ရပ်၌ အာ​ရုန်​သည် အ​နိ​စ္စ​ရောက်၍၊ သူ့​ကို​သင်္ဂြိုဟ်​ရ၏။ သူ၏​သား​ဧ​လာ​ဇာ​သည် အ​ဘ၏​အ​ရာ၌ ယဇ်​ပု​ရော​ဟိတ်​အ​မှု​ကို ဆောင်​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ