တောလည် 7:62Judson Bibleမီးရှို့ရာနံ့သာပေါင်းနှင့်ပြည့်၍ အကျပ်တစ်ဆယ်အချိန်ရှိသော ရွှေဇွန်း အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့သည် စင်ကြယ်သောဖလား စသည်တို့နှင့်၊ ပူဇော်သကာကို ဗိမာန်တော်သို့ ဆောင်ခဲ့သကဲ့သို့၊ ထိုသူတို့သည် သင်တို့၏ ညီအစ်ကိုအပေါင်းကို မြင်း၊ ရထား၊ ထမ်းစင်၊ မြည်း၊ ကုလားအုတ်ပေါ်၌တင်၍၊ ထာဝရဘုရားအား ပူဇော်ဖို့ရာ၊ ခပ်သိမ်းသော အပြည်ပြည်တို့မှ ငါ၏သန့်ရှင်းသောတောင်၊ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
တစ်သီတင်းတွင် လူအများတို့နှင့် ပဋိညာဉ်ဖွဲ့ခြင်းရှိ၍ ထိုသီတင်းတစ်ဝက်တွင် ယဇ်ပူဇော်ခြင်းနှင့် ဆက်ကပ်ခြင်းကို ပပျောက်စေလိမ့်မည်။ ရွံရှာဖွယ်သောအရာ၏ အထွတ်ပေါ်သို့ ဖျက်ဆီးသောသူသည်ရောက်၍ စီရင်ဆုံးဖြတ်သော သုတ်သင်ပယ်ရှင်းခြင်းသည် ပျက်စီးအပ်သော သူတို့ကို မလွှမ်းမိုးမီတိုင်အောင် ထိုသို့ဖြစ်လိမ့်မည်ဟု ကြားပြော၏။