Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 7:32

Judson Bible

မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ဆူ​ဖြိုး​သော​သိုး​တို့​ကို နံ့​သာ​ပေါင်း​နှင့်​တ​ကွ မီး​ရှို့​ရာ​ယဇ်​ပြု၍ ပူ​ဇော်​ပါ​မည်။ နွား​နှင့် ဆိတ်​တို့​ကို​လည်း စီ​ရင်​ပါ​မည်။

နေ​ထွက်​ရာ​အ​ရပ်​မှ​သည် နေ​ဝင်​ရာ​အ​ရပ်​တိုင်​အောင် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ငါ၏​နာ​မ​တော်​သည် ကြီး​မြတ်​ရ​လိမ့်​မည်။ ခပ်​သိမ်း​သော​အ​ရပ်​တို့၌ နံ့​သာ​ပေါင်း​ကို ငါ၏​နာ​မ​တော်​အား​မီး​ရှို့၍၊ သန့်​ရှင်း​သော ပူ​ဇော်​သ​ကာ​ကို ဆက်​ကပ်​ရ​ကြ​လိမ့်​မည်။ ငါ၏​နာ​မ​တော်​သည် တစ်​ပါး​အ​မျိုး​သား​တို့​တွင် ကြီး​မြတ်​ရ​လိမ့်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

မီး​ရှို့​ရာ​နံ့​သာ​ပေါင်း​နှင့်​ပြည့်၍ အ​ကျပ်​တစ်​ဆယ်​အ​ချိန်​ရှိ​သော ရွှေ​ဇွန်း၊

အ​ကျပ်​တော်​အ​လိုက် တစ်​ပိဿာ​သုံး​ဆယ်​အ​ချိန်​ရှိ​သော ငွေ​အင်​တုံ၊ ခု​နစ်​ဆယ်​အ​ချိန်​ရှိ​သော ငွေ​ဖ​လား၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ဖို့ ထို​အင်​တုံ၊ ဖ​လား၌​ဆီ​နှင့်​ရော၍ အ​ပြည့်​ထည့်​သော​မုန့်​ညက်၊

မီး​ရှို့​ရာ​ယဇ်​ဖို့ အ​သက်​ပျို​သော​နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ အ​ခါ​လည်​သော သိုး​သ​ငယ်​တစ်​ကောင်၊

ထို​သို့​နံ့​သာ​ပေါင်း​ကို မီး​ရှို့​သည်​အ​ချိန်​တွင်၊ လူ​အ​များ​အ​ပေါင်း​တို့​သည် ပြင်၌​ဆု​တောင်း​လျက် နေ​ကြ၏။-

ကောင်း​ကင်​တ​မန်​တစ်​ပါး​သည် လာ၍ ရွှေ​လင်​ပန်း​ကို ကိုင်​လျက် ယဇ်​ပ​လ္လင်​နား​မှာ ရပ်​နေ၏။ ပ​လ္လင်​တော်​ရှေ့၌​ရှိ​သော ရွှေ​ယဇ်​ပ​လ္လင်​ပေါ်​မှာ သန့်​ရှင်း​သူ​အ​ပေါင်း​တို့၏ ပ​တ္ထ​နာ​နှင့်​အ​တူ ဆက်​ကပ်​ခြင်း​ငှာ၊ မီး​ရှို့​သော နံ့​သာ​ပေါင်း​အ​များ​ကို ထို​သူ၌​ပေး၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ