Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 6:20

Judson Bible

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​ရာ​ပူ​ဇော်​သ​ကာ​ဖို့ ချီ​လွှဲ​ရ​မည်။ ထို​အ​ရာ​တို့​သည်၊ ချီ​လွှဲ​ရာ​ရင်​ပတ်၊ ချီ​လွှဲ​ရာ​ပ​ခုံး​နှင့်​တ​ကွ ယဇ်​ပု​ရော​ဟိတ်​အ​ဖို့ သန့်​ရှင်း​ရ​မည်။ ထို​နောက်​မှ နာ​ဇ​ရိ​လူ​သည် စ​ပျစ်​ရည်​ကို​သောက်​ရ​သော​အ​ခွင့်​ရှိ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

24 ပူးပေါင်းရင်းမြစ်များ  

သွား​လော့။ ဝမ်း​မြောက်​သော​စိတ်​နှင့် အ​စာ​စား​လော့။ ရွှင်​လန်း​သော​စိတ်​နှင့် စ​ပျစ်​ရည်​ကို​သောက်​လော့။ သင်​ပြု​သော​အ​မှု​တို့​ကို ဘု​ရား​သ​ခင်​ဝန်​ခံ​တော်​မူ၏။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ခဲ​ဖွယ်​စား​ဖွယ်​ပွဲ၊ ဟောင်း​သော စ​ပျစ်​ရည်​ပွဲ​တည်း​ဟူ​သော၊ ဆူ​သော​ခဲ​ဖွယ်​စား​ဖွယ်၊ ကောင်း​မွန်​စွာ​စစ်​သော စ​ပျစ်​ရည်​ဟောင်း​ကို လူ​ခပ်​သိမ်း​တို့​အ​ဖို့ ဤ​တောင်​ပေါ်​မှာ စီ​ရင်​တော်​မူ​လိမ့်​မည်။

ထာ​ဝ​ရ​ဘု​ရား​ကယ်​လွှတ်​တော်​မူ​သော သူ​တို့​သည် ပြန်​လာ၍၊ သီ​ချင်း​ဆို​လျက်၊ ထာ​ဝ​ရ​ဝမ်း​မြောက်​ခြင်း သ​ရ​ဖူ​ကို​ဆောင်း​လျက်၊ ဇိ​အုန်​မြို့​သို့​ရောက်​ကြ​လိမ့်​မည်။ ဝမ်း​မြောက်​ရွှင်​လန်း​ခြင်း အ​ခွင့်​ကို​ရ​ကြ၍၊ ဝမ်းနည်း​ခြင်း​နှင့် ညည်း​တွား​ခြင်း​သည် ပြေး​သွား​ရ​လိမ့်​မည်။

မီး​ဖြင့်​ပူ​ဇော်​သော​ယဇ်​ကောင် ဆီ​ဥ​နှင့်​တ​ကွ၊ ချီ​မြှောက်​ရာ​ပ​ခုံး၊ ချီ​လွှဲ​ရာ​ရင်​ပတ်​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ချီ​လွှဲ၍၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ကို ပြု​ခြင်း​ငှာ​ဆောင်​ခဲ့​ရ​ကြ၍၊ ထာ​ဝ​ရ​ပ​ညတ်​တော်​အ​တိုင်း၊ သင်​နှင့် သင်၏​သား​တို့​သည် ကိုယ်​အ​ဖို့​ယူ​ရ​ကြ​မည်။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​မှာ​ထား​တော်​မူ​ပြီ​ဟု ဆို​လေ၏။

သင်​တို့​သည် စိတ်​တော်​နှင့်​တွေ့​ခြင်း​ငှာ ယဇ်​ပု​ရော​ဟိတ်​သည် ဥ​ပုသ်​နေ့​လွန်​မှ၊ နက်​ဖြန်​နေ့​တွင် ထို​ကောက်​လှိုင်း​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရင်​ပတ်​ကို​ချီ​လွှဲ၍၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ ပြု​စေ​ခြင်း​ငှာ၊ ရင်​ပတ်​နှင့် ဆီ​ဥ​တည်း​ဟူ​သော​မီး​ဖြင့် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သော​အ​ရာ​ကို ကိုယ်​တိုင်​ဆောင်​ခဲ့​ရ​မည်။

ယဇ်​ပု​ရော​ဟိတ်​သည်၊ ဆီ​ဥ​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့၍၊ ရင်​ပတ်​ကို အာ​ရုန်​နှင့်​သူ၏​သား​တို့​သည် ယူ​ရ​ကြ​မည်။

မိတ်​သ​ဟာ​ယ​ယဇ်​ထဲ​က လက်​ယာ​ပ​ခုံး​ကို ချီ​မြှောက်​သော​ပူ​ဇော်​သ​ကာ​ဖို့ ယဇ်​ပု​ရော​ဟိတ်​အား​ပေး​ရ​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ပြု​သော မိတ်​သ​ဟာ​ယ​ယဇ်​များ​ထဲ​က ချီ​လွှဲ​သော​ရင်​ပတ်၊ ချီ​မြှောက်​သော​ပ​ခုံး​ကို ငါ​နုတ်​ယူ၍ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​တွင် ယဇ်​ပု​ရော​ဟိတ်​အာ​ရုန်​နှင့် သူ၏​သား​တို့​အား ထာ​ဝ​ရ​ပ​ညတ်​တော်​အား​ဖြင့် ငါ​ပေး​ပြီ​ဟု မိန့်​တော်​မူ၏။

ရင်​ပတ်​နှင့်​လက်​ယာ​ပ​ခုံး​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ချီ​လွှဲ၍၊ ချီ​လွှဲ​သော​ပူ​ဇော်​သ​ကာ​ကို​ပြု​လေ၏။ ထို​သို့​ပြု​ရ​မည်​ဟု မော​ရှေ​မှာ​ထား​သ​တည်း။

ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည် သူ​ရဲ​ကဲ့​သို့ ဖြစ်၍၊ စ​ပျစ်​ရည်​နှင့်​ဝ​သ​ကဲ့​သို့ ဝမ်း​မြောက်​ကြ​လိမ့်​မည်။ သား​မြေး​တို့​သည် မြင်​လျက် ဝမ်း​မြောက်၍၊ ထာ​ဝ​ရ​ဘု​ရား​ကို​အ​မှီ​ပြု​လျက် ရွှင်​လန်း​ကြ​လိမ့်​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ကွယ်​ကာ​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် ကိုက်​စား၍ လက်​လွှဲ​ကျောက်​တို့​ကို ကျော်​နင်း​ကြ​လိမ့်​မည်။ သောက်​ပြီး​လျှင်၊ စ​ပျစ်​ရည်​နှင့် ဝ​သ​ကဲ့​သို့ ကြွေး​ကြော်​ကြ​လိမ့်​မည်။ အင်​တုံ​ကဲ့​သို့​လည်း​ကောင်း၊ ယဇ်​ပ​လ္လင်​ထောင့်​ကဲ့​သို့​လည်း​ကောင်း ပြည့်​ဝ​ကြ​လိမ့်​မည်။

ကျေး​ဇူး​တော်​သည် အ​လွန်​ကြီး​စွ​တ​ကား။ ဂုဏ်​အ​သ​ရေ​တော်​လည်း အ​လွန်​ကြီး​စွ​တ​ကား။ ဆန်​စ​ပါး​သည် လု​လင်​တို့​ကို​လည်း​ကောင်း၊ စ​ပျစ်​ရည်​သစ်​သည် အ​ပျို​မ​တို့​ကို​လည်း​ကောင်း တိုး​ပွား​များ​ပြား​စေ​လိမ့်​မည်။

အ​သား​မူ​ကား ချီ​လွှဲ​ရာ​ပူ​ဇော်​သ​ကာ၏​ရင်​ပတ်​နှင့် လက်​ယာ​ပ​ခုံး​ကဲ့​သို့ သင့်​အ​ဖို့ ဖြစ်​ရ​မည်။

ထို​အ​ခါ​ယဇ်​ပု​ရော​ဟိတ်​သည်၊ မ​ယား​ကို​မ​ယုံ​ခြင်း​ပူ​ဇော်​သ​ကာ​ကို မိန်း​မ​လက်​မှ​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌​ချီ​လွှဲ​လျက် ယဇ်​ပ​လ္လင်​ပေါ်​မှာ​ဆက်​ပြီး​လျှင်၊

ဤ​ရွေ့​ကား၊ သ​စ္စာ​ပြု​သော​နာ​ဇ​ရိ​လူ​သည် အ​လို​အ​လျောက် တတ်​နိုင်​သ​မျှ​မှ​တစ်​ပါး မိ​မိ​ခြား​နား​ခြင်း​အ​တွက် ထာ​ဝ​ရ​ဘု​ရား​အား​ဆက်​ရ​သော ပူ​ဇော်​သ​ကာ​နှင့်​ဆိုင်​သော တ​ရား​ပေ​တည်း။ သ​စ္စာ​ပြု​သည်​အ​တိုင်း ခြား​နား​ခြင်း​တ​ရား​နှင့်​အ​ညီ ပြု​ရ​မည်​ဟု မိန့်​တော်​မူ၏။

ငါ​ဆို​သည်​ကား၊ ဤ​စ​ပျစ်​ရည်​မျိုး​အ​သစ်​ကို ငါ့​ခ​မည်း​တော်၏​နိုင်​ငံ၌ သင်​တို့​နှင့်​အ​တူ ငါ​မ​သောက်​မီ နေ့​တိုင်​အောင် ယ​ခု​မှ​စ၍ တစ်​ဖန် ငါ​မ​သောက်​ရ​ဟု မိန့်​တော်​မူ၏။-

ငါ​အ​မှန်​ဆို​သည်​ကား၊ ဤ​စ​ပျစ်​ရည်​မျိုး​အ​သစ်​ကို ဘု​ရား​သ​ခင်၏​နိုင်​ငံ​တော်၌ ငါ​မ​သောက်​မီ နေ့​တိုင်​အောင် ယ​ခု​မှ​စ၍ တစ်​ဖန်​ငါ​မ​သောက်​ရ​ဟု မိန့်​တော်​မူ၏။-

ယေ​ရှု​သည် ပုံး​ရည်​ကို​ခံ​ပြီး​မှ၊ အ​မှု​ပြီး​ပြီ​ဟု မိန့်​တော်​မူ​လျက်၊ ခေါင်း​တော်​ကို ငိုက်​စိုက်​ညွှတ်၍ အ​သက်​တော်​ကို စွန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ