Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 6:18

Judson Bible

နာ​ဇ​ရိ​လူ​သည်၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ မိ​မိ​ခြား​နား​သော​ဦး​ဆံ​ကို​ရိတ်၍၊ ထို​ဆံ​ကို မိတ်​သ​ဟာ​ယ​ယဇ်​အောက်၌​ရှိ​သော မီး​ထဲ​မှာ​ထည့်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

တ​ဆေး​မဲ့​မုန့်​တစ်​တောင်း​နှင့်​တ​ကွ၊ မိတ်​သ​ဟာ​ယ​ယဇ်​ဆိတ်​ကို​လည်း​ကောင်း၊ ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​သွန်း​လောင်း​ရာ ပူ​ဇော်​သ​ကာ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အား​ပူ​ဇော်​ရ​မည်။

ခြား​နား​ခြင်း​သ​စ္စာ​စောင့်​သော​ကာ​လ​ပတ်​လုံး၊ ဦး​ဆံ​ကို​မ​ရိတ်​ရ။ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မိ​မိ​ကို​ခြား​နား​စေ​သော ကာ​လ​မ​စေ့​မီ​တိုင်​အောင် သူ​သည် သန့်​ရှင်း​ရ​သ​ဖြင့်၊ မိ​မိ​ဆံ​ပင်​ကို အ​လို​အ​လျောက်​တိုး​ပွား​စေ​ရ​မည်။

သူ့​အ​နား​မှာ တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ချက်​ချင်း​သေ၍၊ သူ​သည် ခြား​နား​စေ​သော​ခေါင်း​ကို ညစ်​ညူး​စေ​လျှင်၊ စင်​ကြယ်​စေ​သော​နေ့​တည်း​ဟူ​သော သ​တ္တ​မ​နေ့၌ ဦး​ဆံ​ကို​ရိတ်​ရ​မည်။

ထို​နည်း​တူ မှာ​ထား​တော်​မူ​သ​မျှ​တို့​ကို သင်​တို့​သည် ကျင့်​ပြီး​မှ၊ ငါ​တို့​သည် သ​ခင်၌ ကျေး​ဇူး​ပြု​သော အ​စေ​အ​ပါ ဖြစ်​သည်​မ​ဟုတ်။ ဝတ်​ပြေ​ရုံ​မျှ​သာ​ရှိ​သည်​ဟု ဝန်​ခံ​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ထို​နောက်​မှ​ပေါ​လု​သည် တာ​ရှည်​စွာ​နေ​ပြီး​မှ ညီ​အစ်​ကို​တို့​ကို အ​ခွင့်​တောင်း၍ ထို​မြို့​မှ​ထွက်​သွား၏။ အ​ထက်​က သ​စ္စာ​က​တိ​ပြု​သည်​နှင့်​အ​ညီ ကင်​ခြေ​မြို့၌ ခေါင်း​ရိတ်​ခြင်း​ကို​ခံ​ပြီး​လျှင်၊ ပြစ်​ကိ​လ​နှင့် အာ​ကု​လ​ကို ခေါ်၍ ရှု​ရိ​ပြည်​သို့ သင်္ဘော​နှင့် လွှင့်​လေ၏။-

ထို​ကြောင့် အ​ကျွန်ုပ်​တို့​ဆို​သည်​အ​တိုင်း ပြု​ပါ​လော့။ သ​စ္စာ​က​တိ​ပြု​ပြီး​သော လူ​လေး​ယောက်​သည် အ​ကျွန်ုပ်​တို့​တွင်​ရှိ၏။-

ထို​သူ​တို့​ကို ယူ၍ သူ​တို့​နှင့်​တ​ကွ စင်​ကြယ်​ခြင်း​ကို​ပြု​လျက်၊ သူ​တို့​ခေါင်း​ရိတ်​ခြင်း​စ​ရိတ်​ကို ပေး​ပါ​လော့။ ထို​သို့​ပြု​လျှင် လူ​အ​ပေါင်း​တို့​သည် မိ​မိ​တို့​ကြား​သော သ​တင်း​စ​ကား​မ​မှန်​သည်​ကို​လည်း​ကောင်း၊ သင်​သည် ကိုယ်​တိုင် ပ​ညတ်​တ​ရား​ကို​စောင့်​ရှောက်၍ ကျင့်​နေ​သည်​ကို​လည်း​ကောင်း သိ​ရ​ကြ​လိမ့်​မည်။-

ထို​အ​ခါ​ပေါ​လု​သည် ထို​သူ​တို့​ကို​ခေါ်၍ နက်​ဖြန်​နေ့၌ သူ​တို့​နှင့်​တ​ကွ စင်​ကြယ်​ခြင်း​ကို​ပြု​ပြီး​မှ၊ ဗိ​မာန်​တော်​သို့​ဝင်၍ သူ​တို့​အ​တွက် အ​သီး​အ​ခြား ပူ​ဇော်​သ​ကာ​ပြု​ရ​သော အ​ချိန်​တည်း​ဟူ​သော စင်​ကြယ်​ခြင်း​ကို​ပြု​ရ​သော နေ့​ရက်​စေ့​မည့်​အ​ချိန်​ကို ကြား​ပြော​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ