တဆေးမဲ့မုန့်တစ်တောင်းနှင့်တကွ၊ မိတ်သဟာယယဇ်ဆိတ်ကိုလည်းကောင်း၊ ဘောဇဉ်ပူဇော်သကာသွန်းလောင်းရာ ပူဇော်သကာကိုလည်းကောင်း၊ ထာဝရဘုရားအားပူဇော်ရမည်။
ထိုမုန့်များကို တောင်းတစ်လုံးထဲ၌ထည့်ပြီးမှ၊ နွားတစ်ကောင်၊ သိုးနှစ်ကောင်နှင့်တကွ ဆောင်ခဲ့ရမည်။
ထိုပူဇော်သကာများကို ယဇ်ပုရောဟိတ်သည် ထာဝရဘုရားထံတော်သို့သွင်း၍ အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်ကို ပူဇော်ရမည်။
နာဇရိလူသည်၊ ပရိသတ်စည်းဝေးရာ တဲတော်တံခါးနားမှာ မိမိခြားနားသောဦးဆံကိုရိတ်၍၊ ထိုဆံကို မိတ်သဟာယယဇ်အောက်၌ရှိသော မီးထဲမှာထည့်ရမည်။