ထိုအခါယဇ်ပုရောဟိတ်သည်၊ မယားကိုမယုံခြင်းပူဇော်သကာကို မိန်းမလက်မှယူ၍ ထာဝရဘုရားရှေ့တော်၌ချီလွှဲလျက် ယဇ်ပလ္လင်ပေါ်မှာဆက်ပြီးလျှင်၊
အာရုန်လက်၊ သူ၏သားတို့လက်၌ ထိုအရာတို့ကိုထားပြီးလျှင်၊ ထာဝရဘုရားရှေ့တော်၌ချီလွှဲ၍၊ ချီလွှဲသောပူဇော်သကာပြုရမည်။
အာရုန်၏လက်၊ သူ၏သားတို့လက်၌ ထိုအရာတို့ကိုထား၍၊ ထာဝရဘုရားရှေ့တော်၌၊ ချီလွှဲသဖြင့်၊ ချီလွှဲသောပူဇော်သကာပြုလေ၏။
ထိုမိန်းမပြုရသောပူဇော်သကာဖို့ မုယောမုန့်တစ်ဩမဲပါလျက် သူ့ကိုယဇ်ပုရောဟိတ်ထံသို့ ခေါ်သွားရမည်။ မုန့်ညက်ပေါ်မှာ ဆီကိုမလောင်းရ။ လောဗန်ကို မတင်ရ။ မယားကိုမယုံခြင်းပူဇော်သကာ၊ အပြစ်ကိုဖော်တင်ရာ ပူဇော်သကာဖြစ်၏။
ထိုမိန်းမကို ထာဝရဘုရားရှေ့တော်မှာထားပြီးလျှင်၊ ခေါင်း၌အချည်းစည်းရှိစေ၍၊ မယားကိုမယုံခြင်း ပူဇော်သကာတည်းဟူသော သတိပေးရာပူဇော်သကာကို မိန်းမလက်၌ထည့်ရမည်။ ကျိန်ခြင်းဘေးကိုဖြစ်စေသောရေခါးကို၊ ယဇ်ပုရောဟိတ်ကိုယ်တိုင် ကိုင်ရမည်။
ကျိန်ခြင်းဘေးဖြစ်စေသောရေခါးကို မိန်းမအားတိုက်ရမည်။ ထိုရေသည် မိန်းမထဲသို့ဝင်၍ ခါးလိမ့်မည်။
မုန့်ညက်တစ်လက်ဆွန်းတည်းဟူသော ပူဇော်သကာအတွက်အတာကို ယဇ်ပလ္လင်ပေါ်မှာမီးရှို့၍၊ ထိုနောက်အကျိန်ရေကို မိန်းမသောက်စေရမည်။