Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 5:15

Judson Bible

ထို​မိန်း​မ​ပြု​ရ​သော​ပူ​ဇော်​သ​ကာ​ဖို့ မု​ယော​မုန့်​တစ်​ဩ​မဲ​ပါ​လျက် သူ့​ကို​ယဇ်​ပု​ရော​ဟိတ်​ထံ​သို့ ခေါ်​သွား​ရ​မည်။ မုန့်​ညက်​ပေါ်​မှာ ဆီ​ကို​မ​လောင်း​ရ။ လော​ဗန်​ကို မ​တင်​ရ။ မ​ယား​ကို​မ​ယုံ​ခြင်း​ပူ​ဇော်​သ​ကာ၊ အ​ပြစ်​ကို​ဖော်​တင်​ရာ ပူ​ဇော်​သ​ကာ​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

မိန်း​မ​က​လည်း၊ အို ဘု​ရား​သ​ခင်၏​လူ၊ ကိုယ်​တော်​သည် ကျွန်​မ​နှင့် အ​ဘယ်​သို့​ဆိုင်​သ​နည်း။ ကျွန်​မ​အ​ပြစ်​တို့​ကို အောက်​မေ့​စေ၍၊ ကျွန်​မ​သား​ကို သတ်​အံ့​သော​ငှာ ကျွန်​မ​ဆီ​သို့ ကြွ​လာ​တော်​မူ​သ​လော​ဟု ဧ​လိ​ယ​အား​ဆို​သော်၊

သို့​ရာ​တွင်၊ ရှင်​ဘု​ရင်​ထံ၌ သ​စ္စာ​ခံ​သော​သူ​တို့​သည် ထို​ဗေ​ဒင်​တွက်​ခြင်း​ကို အ​ချည်း​နှီး​သော ဗေ​ဒင်​တွက်​ခြင်း​ကဲ့​သို့ မှတ်​ကြ​လိမ့်​မည်။ ရှင်​ဘု​ရင်​မူ​ကား၊ သူ​တို့​ကို​ဖမ်း​မိ​လို​သော​ငှာ၊ သူ​တို့​ပြစ်​မှား​သော​အ​ပြစ်​ကို အောက်​မေ့​လိမ့်​မည်။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ထို​ပြည်​သား​တို့​ကို မျှော်​လင့်၍၊ မိ​မိ​အ​ပြစ်​ကို ငါ​အောက်​မေ့​စေ​သ​ဖြင့်၊ နောက်​တစ်​ဖန် ထို​ပြည်​သည် သူ​တို့​ခို​လှုံ​ရာ မ​ဖြစ်​ရာ။ ငါ​သည် ထာ​ဝ​ရ​ဘု​ရား​ဖြစ်​ကြောင်း​ကို သိ​ရ​ကြ​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ထို​မိန်း​မ​ကို ငွေ​တစ်​ဆယ်​ငါး​ကျပ်၊ မု​ယော​ဆန်​တစ်​ဟော​မဲ​ခွဲ​နှင့် ငါ​ရွေး​ပြီး​မှ၊

သင်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ဆင့်​ဆို​ရ​မည်​မှာ၊ သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ထာ​ဝ​ရ​ဘု​ရား​အား ပူ​ဇော်​သ​ကာ​ကို​ပြု​လို​လျှင်၊ ယဉ်​သော​တိ​ရ​စ္ဆာန်​တည်း​ဟူ​သော နွား၊ သိုး၊ ဆိတ်​ကို​ဆောင်​ခဲ့၍ ဆက်​ရ​မည်။

ထာ​ဝ​ရ​ဘု​ရား​အား ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ပြု​လို​လျှင်၊ မုန့်​ညက်​ကို​ဆက်​ရ​မည်။ မုန့်​ညက်​အ​ပေါ်​မှာ ဆီ​ကို​လောင်း၍၊ လော​ဗန်​ကို​လည်း​ထည့်​ပြီး​မှ၊

ခို​နှစ်​ကောင်​ဖြစ်​စေ၊ ချိုး​က​လေး​နှစ်​ကောင်​ဖြစ်​စေ၊ တစ်​ခု​ခု​ကို​မ​တတ်​နိုင်​လျှင်၊ ပြစ်​မှား​သော​သူ​သည် အ​ပြစ်​ဖြေ​ရာ​ယဇ်​အ​ရာ၌ မုန့်​ညက်​တစ်​ဩ​မဲ​ကို​ဆောင်​ခဲ့၍၊ ဆက်​ရ​မည်။ အ​ပြစ်​ဖြေ​ရာ​ယဇ်​ဖြစ်​သော​ကြောင့် ဆီ​ကို​မ​လောင်း​ရ။ လော​ဗန်​ကို မ​တင်​ရ။

ယဇ်​ပု​ရော​ဟိတ်​သည်၊ ထို​ပူ​ဇော်​သ​ကာ​ကို​ယူ၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ထား​ရ​မည်။

ယ​ခု​မူ​ကား ယဇ်​ပူ​ဇော်​သည်​တွင် အ​ပြစ်​များ​ကို နှစ်​တိုင်း အောက်​မေ့​ခြင်း​ရှိ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ