တောလည် 4:45Judson Bibleဤသူတို့သည် မောရှေ၌ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း မောရှေနှင့်အာရုန်သည် ရေတွက်သော မေရာရိအဆွေအမျိုးသားပေတည်း။ အခန်းကိုကြည့်ပါ။ |
ထိုသို့နှင့်အညီ၊ လေဝိသားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမီ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုတော်ကိုစောင့်၍ ဝန်များကိုထမ်းခြင်းငှာ ဝင်သောသူအပေါင်းတို့ကို၊ ဘိုးဘအဆွေအမျိုးအလိုက် မောရှေနှင့်အာရုန် အစရှိသောဣသရေလအမျိုး သူကြီးတို့သည်ရေတွက်၍ စာရင်းသွင်းသောလူပေါင်းကား ရှစ်ထောင်ငါးရာရှစ်ဆယ် ရှိသတည်း။