ဤသူတို့သည်မောရှေ၌ ထာဝရဘုရားမှာထားတော်မူသည်အတိုင်း မောရှေနှင့်အာရုန်သည်ရေတွက်၍ ပရိသတ်စည်းဝေးရာတဲတော်အမှုကို ဆောင်ရွက်ရသော ကောဟတ်အဆွေအမျိုးသားပေတည်း။
ဤရွေ့ကား ထာဝရဘုရားသည်၊ သိနာတောင်ပေါ်မှာ ဣသရေလအမျိုးသားတို့အဖို့ မောရှေလက်တွင်ထားတော်မူသော စီရင်ထုံးဖွဲ့ချက် ပညတ်တရားဖြစ်သတည်း။
မှာထားတော်မူသည်အတိုင်း၊ မောရှေသည်လေဝိသားတို့ကို ရေတွက်လေ၏။
ကောဟတ်မှဆင်းသက်သော အာမရံအဆွေအမျိုး၊ ဣဇဟာအဆွေအမျိုး၊ ဟေဗြုန်အဆွေအမျိုး၊ ဩဇေလအဆွေအမျိုးတို့သည်၊ ကောဟတ်အမျိုးအနွယ် ဖြစ်ကြ၏။
ဂေရရှုန်သားတို့တွင် အသက်သုံးဆယ်လွန်၍ ငါးဆယ်မမီ၊ ပရိသတ်စည်းဝေးရာ တဲတော်အမှုကိုဆောင်ခြင်းငှာ၊ အလုံးအရင်းဝင်သောသူအပေါင်းတို့ကို ဘိုးဘအဆွေအမျိုးအလိုက်ရေတွက်၍ စာရင်းသွင်းသောလူပေါင်းကား နှစ်ထောင်ခြောက်ရာသုံးဆယ်ရှိသတည်း။
မောရှေ၌ထာဝရဘုရားထားတော်မူသော ပညတ်တော်အတိုင်း လူအသီးအသီးစောင့်ရသောအမှု၊ အသီးအသီးထမ်းရသောဝန်တို့ကို ထောက်၍ မောရှေရေတွက်သတည်း။