Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 4:19

Judson Bible

သူ​တို့​သည် အ​လွန်​သန့်​ရှင်း​သော​အ​ရာ​တို့​ကို ချဉ်း​ကပ်​သော​အ​ခါ သေ​ဘေး​လွတ်၍ အ​သက်​ရှင်​မည်​ဖြစ်​ကြောင်း အာ​ရုန်​နှင့် သူ၏​သား​တို့​သည် အ​ရင်​ဝင်၍ လူ​အ​သီး​အ​သီး​စောင့်​ရ​သော​အ​မှု၊ ထမ်း​ရ​သော​ဝန်​တို့​ကို​ခွဲ​ခန့်​ရ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

နာ​ခုန်​ကောက်​နယ်​သ​လင်း​သို့ ရောက်​သော​အ​ခါ၊ နွား​တို့​သည် ဘု​ရား​သ​ခင်၏​သေ​တ္တာ​တော်​ကို လှုပ်​ရှား​သော​ကြောင့်၊ ဩ​ဇ​သည် လက်​ကို​ဆန့်၍ သေ​တ္တာ​တော်​ကို​ကိုင်၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ လူ​တို့​သည်​ကြည့်​ရှု​ခြင်း​ငှာ ထာ​ဝ​ရ​ဘု​ရား​ထံ​သို့ ကျော်​ဝင်၍၊ အ​များ​တို့​သည်​သေ​ကြ​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့် ဆင်း​၍​သ​တိ​ပေး​လော့။

တဲ​တော်​ကို ယူ​သွား​ချိန်​ရောက်​သော​အ​ခါ၊ လေ​ဝိ​သား​တို့​သည်​ရုပ်​သိမ်း​ရ​မည်။ နေ​ရာ​ချ​ချိန်​ရောက်​သော​အ​ခါ ထူ​ထောင်​ပြန်​ရ​မည်။ လေ​ဝိ​အ​မျိုး​သား​မှ​တစ်​ပါး အ​ခြား​သော​အ​မျိုး​သား​သည် ချဉ်း​ကပ်​လျှင်၊ အ​သေ​သတ်​ခြင်း​ကို​ခံ​ရ​မည်။

လေ​ဝိ​သား​တို့​သည် သင့်​ကို​လည်း​ကောင်း၊ တဲ​တော်​ရှိ​သ​မျှ​ကို​လည်း​ကောင်း စောင့်​ရ​ကြ​မည်။ သို့​ရာ​တွင် သင်​တို့​နှင့်​သူ​တို့​သည် သေ​ဘေး​လွတ်​မည်​အ​ကြောင်း၊ သူ​တို့​သည် တဲ​တော်​တန်​ဆာ၊ ယဇ်​ပ​လ္လင်​တန်​ဆာ​များ​ကို မ​ချဉ်း​ကပ်​ရ​ကြ။

ထို​သို့​တပ်​ချီ​ချိန်​ရောက်​သော​အ​ခါ အာ​ရုန်​နှင့်​သူ၏​သား​တို့​သည် သန့်​ရှင်း​ရာ​ဌာ​န​တော်​နှင့် သန့်​ရှင်း​သော​တန်​ဆာ​ရှိ​သ​မျှ​တို့​ကို ဖုံး​အုပ်​သော​နောက်၊ ကော​ဟတ်​သား​တို့​သည် ထမ်း​ခြင်း​ငှာ​ချဉ်း​ကပ်​ရ​ကြ​မည်။ သို့​ရာ​တွင် သူ​တို့​သည် သေ​ဘေး​နှင့်​လွတ်​မည်​အ​ကြောင်း သန့်​ရှင်း​သော​အ​ရာ​ကို​မ​ကိုင်​ရ၊ ဤ​ရွေ့​ကား ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ ကော​ဟတ်​သား​များ ဆောင်​ရွက်​ရ​သော​အ​မှု​ပေ​တည်း။

ကော​ဟတ်​အ​ဆွေ​အ​မျိုး​အ​နွယ်​သား​တို့​ကို လေ​ဝိ​သား​စု​ထဲ​က မ​ပယ်​မ​ဖြတ်​နှင့်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ