Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 36:2

Judson Bible

အ​ကျွန်ုပ်​တို့​သ​ခင်​သည် စာ​ရေး​တံ​ချ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ခါ​နာန်​ပြည်​ကို အ​မွေ​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​အစ်​ကို ဇ​လော​ဖဒ်၏​အ​မွေ​မြေ​ကို သူ၏​သ​မီး​တို့​အား ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

တစ်​ပြည်​လုံး၌ ယော​ဘ၏ သ​မီး​ကဲ့​သို့ လှ​သော​မိန်း​မ တစ်​စုံ​တစ်​ယောက်​မျှ​မ​ရှိ။ သူ​တို့၏​အ​ဘ​သည် သူ​တို့​မောင်​များ​နှင့် အ​ညီ​အ​မျှ သူ​တို့​အား​အ​မွေ​ဥ​စ္စာ​ကို ဝေ​ပေး​လေ၏။

သင်​တို့​အ​ဆွေ​အ​မျိုး​တို့​အား စာ​ရေး​တံ​ချ၍ ထို​မြေ​ကို​ဝေ​ရ​မည်။ လူ​များ​လျှင်​များ​သော​မြေ၊ လူ​နည်း​လျှင် နည်း​သော​မြေ​ကို ပေး​ရ​မည်။ အ​သီး​အ​သီး​တို့​သည် စာ​ရေး​တံ​ကျ​သည်​အ​တိုင်း၊ ဘိုး​ဘ​အ​မျိုး​အ​နွယ်​အ​လိုက် အ​မွေ​ခံ​ရ​ကြ​မည်။

ထို​မိန်း​မ​တို့​သည် မိ​မိ​အ​မျိုး​မှ​တစ်​ပါး၊ အ​ခြား​သော ဣ​သ​ရေ​လ​အ​မျိုး​သား​နှင့် စုံ​ဖက်​လျှင်၊ သူ​တို့​အ​မွေ​မြေ​ကို အ​ကျွန်ုပ်​တို့ မိ​ဘ​အ​စဉ်​အ​ဆက်​အ​မွေ​မှ​နုတ်၍ သူ​တို့​ဝင်​သော​အ​မျိုး၏ အ​မွေ​ထဲ၌​ပါ​သွား​သ​ဖြင့်၊ အ​ကျွန်ုပ်​တို့​အ​မွေ​မြေ​သည် လျော့​ပါ​လိမ့်​မည်။

လေ​ဗ​နုန်​တောင်​မှ​စ၍ မိ​သ​ရ​ဖော​သ​မိမ်​မြို့​တိုင်​အောင်၊ တောင်​ပေါ်၌​နေ​သော​သူ​နှင့် ဇိ​ဒေါ​နိ​လူ​အ​ပေါင်း​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ ငါ​နှင်​ထုတ်​မည်။ သို့​ဖြစ်၍ ငါ​မှာ​ထား​သည်​အ​တိုင်း စာ​ရေး​တံ​ပြု​လျက် ထို​မြေ​ကို ဣ​သ​ရေ​လ​လူ​တို့​အား အ​မွေ​ဝေ​ဖန်​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ