ထိုမြို့တို့သည် လေဝိသားနေစရာဖို့ဖြစ်၍၊ မြို့ပတ်လည်နယ်တို့၌ သိုးနွား အစရှိသောတိရစ္ဆာန်များနှင့် ဥစ္စာများကိုထားရမည်။
လေဝိသားတို့သည်၊ မိမိတို့နေရာဖြစ်သော ပိုင်ထိုက်ရာအရပ်ကို စွန့်၍၊ ယုဒပြည်ယေရုရှင်မြို့သို့ ရောက်လာသောအကြောင်းဟူမူကား၊ ယေရောဗောင်နှင့် သူ၏သားတို့သည်၊ လေဝိသားတို့ကို ထာဝရဘုရားရှေ့တော်၌ ယဇ်ပုရောဟိတ်အမှုကို စောင့်ရသောအရာမှချ၍၊
ထိုမြေကွက်အလယ်၌ အလျားအတောင်ငါးရာ၊ အနံလည်း အတောင်ငါးရာရှိသော စတုရန်းအကွက်သည် သန့်ရှင်းရာဌာနဖို့ ဖြစ်ရမည်။ ထိုအကွက်ပတ်လည်၌ သန့်ရှင်းသောနယ်လည်း အတောင်ငါးဆယ် ရှိရမည်။
သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ သူတို့သည် အမွေခံသောမြေ၌ လေဝိသားတို့နေစရာဖို့ မြို့တို့ကိုလည်းကောင်း၊ မြို့ပတ်လည်နယ်တို့ကိုလည်းကောင်း ပေးရကြမည်။
လေဝိသားတို့အားပေးသော မြို့နယ်တို့ကို မြို့ပြင်ပတ်လည်၌ အတောင်တစ်ထောင် ကျယ်စေရမည်။
ဣသရေလမြို့ရွာတို့၌ တည်းခိုသော လေဝိသားတစ်စုံတစ်ယောက်သည်၊ ထာဝရဘုရား ရွေးကောက်တော်မူသောအရပ်ကို ကြည်ညိုသောစိတ်အားကြီး၍ ရောက်လာလျှင်၊
ယုဒခရိုင်တောင်ကြား၌ ဟေဗြုန်မြို့တည်းဟူသော အာနကအဘ၊ အာဘနေသောမြို့ကို မြို့နယ်နှင့်တကွ ပေးကြ၏။