Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 35:20

Judson Bible

သူ​တစ်​ပါး​ကို အ​ငြိုး​ထား၍​တွန်း​ချ​သော်​လည်း​ကောင်း၊ သေ​စေ​ခြင်း​ငှာ ချောင်း​မြောင်း၍ တစ်​စုံ​တစ်​ခု​နှင့်​ပစ်​သော်​လည်း​ကောင်း၊

အခန်းကိုကြည့်ပါ။ ကော်ပီ

30 ပူးပေါင်းရင်းမြစ်များ  

ကာ​ဣ​န​နှင့် သူ၏​ပူ​ဇော်​သ​ကာ​ကို ပ​မာ​ဏ​ပြု​တော်​မ​မူ။ ထို​ကြောင့် ကာ​ဣ​န​သည်​အ​လွန်​စိတ်​ဆိုး၍ မျက်​နှာ​ပျက်​လေ​၏။

ကာ​ဣ​န​က​လည်း လယ်​သို့​သွား​ကြ​ကုန်​အံ့​ဟု ညီ​အာ​ဗေ​လ​ကို​ခေါ်​၍၊ လယ်​သို့​ရောက်​သော​အ​ခါ၊ ညီ​အာ​ဗေ​လ​ကို​ရန်​ဘက်​ပြု၍​သတ်​လေ၏။

အ​ဗ​ရှ​လုံ​သည် အစ်​ကို​အာ​မ​နုန်​အား ကောင်း​သော​စ​ကား၊ မ​ကောင်း​သော​စ​ကား​ကို မ​ပြော။ သို့​ရာ​တွင် နှ​မ​တာ​မာ​ကို​ရှုတ်​ချ​သော​ကြောင့် အ​ငြိုး​ထား၏။

လက်​ဝဲ​လက်၌​ကိုင်​သော​ဓား​ကို အာ​မ​သ​သည် သ​တိ​မ​ပြု​သော​ကြောင့်၊ ဝမ်း​ကို​ထိုး၍ အ​အူ​ကို​မြေ​ပေါ်​မှာ​ချ၏။ ထပ်၍ မ​ထိုး​သော်​လည်း အာ​မ​သ​သေ​လေ၏။ ယွာ​ဘ​နှင့်​ညီ​အ​ဘိ​ရှဲ​သည် ဗိ​ခ​ရိ​သား​ရှေ​ဘ​ကို လိုက်​ကြ၏။

အာ​ဗ​နာ​သည် ဟေ​ဗြုန်​မြို့​သို့​ရောက်​သော​အ​ခါ၊ ယွာ​ဘ​သည် အ​သင့်​အ​တင့်​နှုတ်​ဆက်​ခြင်း​ငှာ၊ မြို့​တံ​ခါး​နား​သို့ ခေါ်​ပြီး​လျှင်၊ ညီ​အာ​သ​ဟေ​လ သေ​သည်​အ​တွက် သူ၏​ဝမ်း​ကို​ထိုး၍ သူ​သည်​လည်း​သေ၏။

အိမ်​နီး​ချင်း​ကို သတ်​မည်​အ​ကြံ​ရှိ၍ အ​နိုင်​တိုက်​သော​သူ​ကို​ကား၊ ငါ့​ယဇ်​ပ​လ္လင်၌ ခို​လှုံ​သော်​လည်း၊ ဆွဲ​ယူ၍​သတ်​ရ​မည်။

အ​ငြိုး​ထား​သော​သူ​သည် နှုတ်​ဖြင့်​လျှို့​ဝှက်၍၊ ကိုယ်​ထဲ​မှာ လှည့်​စား​သော​သ​ဘော​ကို ဝှက်​ထား​တတ်၏။

လူ​အ​သက်​ကို​ညှဉ်း​ဆဲ​သော​သူ​သည် သင်္ချိုင်း​တွင်း​သို့​ပြေး​ပါ​လေ​စေ။ အ​ဘယ်​သူ​မျှ​မ​ဆီး​တား​စေ​နှင့်။

သေ​စား​သေ​စေ​သော​သူ​သည် လူ​သတ်​ကို​တွေ့​သော​အ​ခါ၊ ကိုယ်​တိုင်​သတ်​ရ​မည်။

သေ​စေ​ခြင်း​ငှာ မုန်း​သော​စိတ်​ရှိ၍ လက်​နှင့်​ရိုက်​သော်​လည်း​ကောင်း၊ ထို​သို့​ပြု​သော​သူ​သည် လူ​သတ်​ဖြစ်​သော​ကြောင့်၊ အ​သေ​သတ်​ခြင်း​ကို အ​မှန်​ခံ​ရ​မည်။ သေ​စား​သေ​စေ​သော​သူ​သည် တွေ့​သော​အ​ခါ​သတ်​ရ​မည်။

ထို​ကြောင့်၊ ဟေ​ရော​ဒိ​သည် ယော​ဟန်​ကို ရန်​ငြိုး​ဖွဲ့​သ​ဖြင့် သတ်​ခြင်း​ငှာ အ​လို​ရှိ၏။-

ထ၍ ကိုယ်​တော်​ကို​မြို့​ပြင်​သို့ နှင်​ထုတ်​ပြီး​လျှင်၊ ထို​မြို့​တည်​ရာ တောင်​ထိပ်​စွန်း​အ​ငူ​မှ ဇောက်​ထိုး​တွန်း​ချ​ခြင်း​ငှာ ဆောင်​သွား​ကြ၏။-

သုံး​လ​နေ​ပြီး​လျှင် ပင်​လယ်​ကို​ကူး၍ ရှု​ရိ​ပြည်​သို့ သွား​မည်​ပြု​သော်၊ ယု​ဒ​လူ​တို့​သည် မ​ကောင်း​သော​အ​ကြံ​ကို ကြံ​သော​ကြောင့်၊ မာ​ကေ​ဒေါ​နိ​ပြည်​လမ်း​ဖြင့် ပြန်​မည်​ဟု အ​ကြံ​ရှိ​ပြန်၏။-

သို့​ရာ​တွင် သူ​တို့၏ အ​လို​သို့​မ​လိုက်​ပါ​နှင့်။ ပေါ​လု​ကို​မ​သတ်​မီ​တိုင်​အောင် အ​လျှင်း​မ​စား​မ​သောက်​ရ​ဟု ကိုယ်​ကို​ကျိန်​ဆို၍ ဓိ​ဋ္ဌာန်​ပြု​သော ယု​ဒ​လူ​လေး​ကျိပ်​မ​က၊ လမ်း​နား၌ ပေါ​လု​ကို​ချောင်း၍ နေ​ကြ​ပါ၏။ ယ​ခု​ပင် ကိုယ်​တော်​ဝန်​ခံ​မည့်​စ​ကား​ကို ထို​သူ​တို့​သည် ဆိုင်း​လင့်၍ အ​သင့်​ရှိ​နှင့်​ပါ​ပြီ​ဟု လျှောက်​လေ၏။

တစ်​နည်း​ကား၊ မိ​မိ​အ​ဖော်​ကို​ရန်​ငြိုး​ဖွဲ့​သ​ဖြင့် ချောင်း​မြောင်း၍ သေ​အောင်​တိုက်​သော​သူ​သည် ထို​မြို့ တစ်​စုံ​တစ်​မြို့​သို့​ပြေး၍ ရောက်​သော်​လည်း၊

သင်​တို့​သည် တစ်​ဖန်​ပြော​ရ​မည်​မှာ၊ ရှင်​ဘု​ရင်​သည် ရန်​သူ​တို့၌ စိတ်​တော်​ပြေ​မည်​အ​ကြောင်း၊ ဖိ​လိ​တ္တိ​လူ​တို့၏ အ​ရေ​ဖျား​တစ်​ရာ​မှ​တစ်​ပါး အ​ခြား​သော​လက်​ဖွဲ့​ရာ​ကို အ​လို​တော်​မ​ရှိ​ဟု မှာ​ထား၏။ သို့​ရာ​တွင် ဒါ​ဝိဒ်​ကို ဖိ​လိ​တ္တိ​လူ​တို့​လက်​ဖြင့် ဆုံး​စေ​မည်​ဟု ရှော​လု​အ​ကြံ​ရှိ၏။

ဒါ​ဝိဒ်​သည် ရာ​မ​မြို့၊ နာ​ယုတ်​ရွာ​မှ​ပြေး၍ ယော​န​သန်​ထံ​သို့​ရောက်​ပြီး​လျှင်၊ ကျွန်ုပ်​သည် အ​ဘယ်​သို့​ပြု​ဘိ​သ​နည်း။ အ​ဘယ်​အ​ပြစ် ရှိ​သ​နည်း။ ခ​မည်း​တော်​သည် ကျွန်ုပ်​အ​သက်​ကို​ရှာ​မည်​အ​ကြောင်း၊ ကျွန်ုပ်​သည် အ​ဘယ်​ဒု​စ​ရိုက်​ကို ပြု​ဘိ​သ​နည်း​ဟု​မေး​သော်၊

ထို​မှ​တစ်​ပါး ကျွန်​တော်​အ​ဘ ကြည့်​ရှု​တော်​မူ​ပါ။ ကျွန်​တော်​လက်၌ အင်္ကျီ​တော်​အောက်​ပိုင်း​ကို ကြည့်​ရှု​တော်​မူ​ပါ။ အ​သက်​တော်​ကို မ​သတ်၊ အင်္ကျီ​တော်​အောက်​ပိုင်း​ကို လှီး​ဖြတ်​ရုံ​မျှ​သာ ပြု​သော​ကြောင့်၊ ကျွန်​တော်၌ ဒု​စ​ရိုက်​အ​ပြစ်​မ​ရှိ၊ လွန်​ကျူး​ခြင်း​အ​ပြစ် မ​ရှိ​ကြောင်း​ကို သိ​မြင်​တော်​မူ​ပါ။ ကိုယ်​တော်​ကို မ​ပြစ်​မှား​ပါ။ သို့​သော်​လည်း ကျွန်​တော်​အ​သက်​ကို သတ်​အံ့​သော​ငှာ လိုက်၍ ရှာ​တော်​မူ​ပါ​သည်​တ​ကား။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ