မြောက်ဘက်အပိုင်းအခြားသည် ကြီးသောပင်လယ်ကထွက်၍ ဟောရတောင်ကို ရှေ့ရှုသွားပြီးလျှင်၊
အကယ်စင်စစ်၊ အို ဣသရေလအမျိုး၊ သင်တို့တစ်ဖက်၌ လူတစ်မျိုးကို ငါထစေ၍၊ ထိုလူမျိုးသည် ဟာမတ်မြို့လမ်းဝမှစ၍ တော၌ရှိသော မြစ်တိုင်အောင် သင်တို့ကို ညှဉ်းဆဲလိမ့်မည်ဟု၊ ကောင်းကင်ဗိုလ်ခြေအရှင် ဘုရားသခင်ထာဝရဘုရားမိန့်တော်မူ၏။
ကာဒေရှအရပ်မှပြောင်း၍ ဧဒုံပြည်အနားမှာဟောရတောင်၌ စခန်းချကြ၏။
တောင်မျက်နှာတွင် ဇိနတောင်မှ ဧဒုံပြည်အနား၌လျှောက်လျှင်၊ သောဒုံအိုင်အရှေ့စွန်းသည် တောင်ဘက်အပိုင်းအခြား ဖြစ်ရမည်။
အနောက်ဘက်၌ ပင်လယ်ကြီးသည် အနောက်အပိုင်းအခြား ဖြစ်ရမည်။