တောင်မျက်နှာတွင် ဇိနတောင်မှ ဧဒုံပြည်အနား၌လျှောက်လျှင်၊ သောဒုံအိုင်အရှေ့စွန်းသည် တောင်ဘက်အပိုင်းအခြား ဖြစ်ရမည်။
ထိုပြည်ရှိသမျှတို့သည်၊ သောဒုံအိုင်ဖြစ်သောစိဒ္ဒိမ်ချိုင့်တွင် နီးစပ်လျက်ရှိကြ၏။
သင့်နေရာနယ်အပိုင်းအခြားကို၊ ဧဒုံပင်လယ်မှသည် ဖိလိတ္တိပင်လယ်တိုင်အောင်လည်းကောင်း၊ တောမှသည်မြစ်တိုင်အောင်လည်းကောင်း ငါမှတ်သားမည်။ ထိုအရပ်သားများကို သင့်လက်သို့ငါအပ်၍၊ သင်သည် နှင်ထုတ်ရလိမ့်မည်။
အရှင်ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ ဣသရေလအမျိုး တစ်ဆယ်နှစ်မျိုးအမွေခံရသော မြေအပိုင်းအခြားမူကား၊ ယောသပ်သည် မြေအပိုင်းအခြား နှစ်ခုကိုယူရမည်။
ထိုသူကလည်း၊ ဤရေသည် အရှေ့သို့စီး၍ တောကိုလျှောက်ပြီးမှ၊ အိုင်ထဲသို့ဝင်တတ်သောအားဖြင့် အိုင်ရေသည် ချိုလိမ့်မည်။
ထိုသူတို့သည် ဇိနတောမှသွား၍ ဟာမတ်မြို့သို့ရောက်သောလမ်းနား၊ ရဟောဘမြို့တိုင်အောင် ခါနာန်ပြည်ကိုစူးစမ်းကြ၏။
တောကြီးမှစ၍ လေဗနုန်တောင်တိုင်အောင်လည်းကောင်း၊ ဥဖရတ်မြစ်ကြီးမှစ၍ ဟိတ္တိပြည်တစ်လျှောက်လုံးပါလျက်၊ နေဝင်ရာဘက် ပင်လယ်ကြီးတိုင်အောင်လည်းကောင်း၊ သင်တို့နယ် အပိုင်းအခြား ဖြစ်ရမည်။
မြစ်ညာက စီးလာသောရေသည် တန့်ရပ်၍ ဝေးသောအရပ်၊ ဇာရတန်မြို့နားမှာရှိသော အာဒံမြို့တိုင်အောင် ပုံ့ပုံ့ကြွလျက်နေ၏။ လွင်ပြင်အိုင်တည်းဟူသော သောဒုံအိုင်သို့ စီးသွားသောရေသည်လည်း အကုန်အစင်ပြတ်၍၊ လူများတို့သည် ယေရိခေါမြို့သို့ ရှေ့ရှုကူးကြ၏။