Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 34:2

Judson Bible

သင်​တို့​သည် ခါ​နာန်​ပြည်​သို့ ရောက်​ကြ​သော​အ​ခါ၊ သင်​တို့​အ​မွေ​ခံ​ရ​သော ခါ​နာန်​ပြည်​နယ် အ​ပိုင်း​အ​ခြား​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

23 ပူးပေါင်းရင်းမြစ်များ  

ခါ​နာန်​အ​မျိုး​သား​နေ​ရာ​ပြည်​နယ်​သည် ဇိ​ဒုန်​မြို့​မှ ဂေ​ရာ​မြို့၊ ဂါ​ဇ​မြို့​တိုင်​အောင်​လည်း​ကောင်း၊ တစ်​ဖန်​သော​ဒုံ​မြို့၊ ဂေါ​မော​ရ​မြို့၊ အာ​ဒ​မာ​မြို့၊ ဇေ​ဘိုင်​မြို့​ကို​လွန်၍ လာ​ရှ​မြို့​တိုင်​အောင်​လည်း​ကောင်း ရှိ​သ​တည်း။

သင်​သည် ယ​ခု​ဧည့်​သည်​ဖြစ်၍​နေ​သော​ပြည်​တည်း​ဟူ​သော၊ ခါ​နာန်​ပြည်​တစ်​လျှောက်​လုံး​ကို၊ သင်​အား​လည်း​ကောင်း၊ သင့်​နောက်၌​သင်၏​အ​မျိုး​အ​နွယ်​အား​လည်း​ကောင်း၊ အ​စဉ်​အ​မြဲ​အ​ပိုင်​ပေး​မည်။ သူ​တို့၏​ဘု​ရား​လည်း ငါ​ဖြစ်​မည်​ဟု မိန့်​မြွက်​တော်​မူ၏။

သင့်​နေ​ရာ​နယ်​အ​ပိုင်း​အ​ခြား​ကို၊ ဧ​ဒုံ​ပင်​လယ်​မှ​သည် ဖိ​လိ​တ္တိ​ပင်​လယ်​တိုင်​အောင်​လည်း​ကောင်း၊ တော​မှ​သည်​မြစ်​တိုင်​အောင်​လည်း​ကောင်း ငါ​မှတ်​သား​မည်။ ထို​အ​ရပ်​သား​များ​ကို သင့်​လက်​သို့​ငါ​အပ်၍၊ သင်​သည် နှင်​ထုတ်​ရ​လိမ့်​မည်။

ငါ​သည်​သင့်​ကို သား​တို့​တွင် အ​ဘယ်​သို့​ထား​ရ​အံ့​နည်း။ သာ​ယာ​သော​ပြည်၊ တိုင်း​နိုင်​ငံ​အ​ပေါင်း​တို့၏​ထွတ်၊ ဘုန်း​ကြီး​သော အ​မွေ​ခံ​ရာ​ပြည်​ကို သင့်​အား အ​ဘယ်​သို့​ပေး​ရ​အံ့​နည်း​ဟု ငါ​မေး​သော​အ​ခါ၊ သင်​သည် ငါ့​ကို အ​ကျွန်ုပ်​အ​ဘ​ဟူ၍ ခေါ်​ရ​လိမ့်​မည်။ ငါ့​ထံ​မှ​လွှဲ၍ မ​သွား​ရ​ဟု ငါ​ပြန်​ပြော​၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး တစ်​ဆယ်​နှစ်​မျိုး​အ​မွေ​ခံ​ရ​သော မြေ​အ​ပိုင်း​အ​ခြား​မူ​ကား၊ ယော​သပ်​သည် မြေ​အ​ပိုင်း​အ​ခြား နှစ်​ခု​ကို​ယူ​ရ​မည်။

ဘိုး​ဘေး​တို့​အား ငါ​ကျိန်​ဆို​သည်​အ​တိုင်း ငါ​ပေး​ရ​သော​ထို​မြေ​သည် သင်​တို့​အ​မွေ​ဖြစ်၍၊ သင်​တို့​သည် အ​ချင်း​ချင်း​အ​မွေ​ခံ​ရ​ကြ​မည်။

တစ်​ဖန် မော​ရှေ​အား ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ဆင့်​ဆို​ရ​မည်​မှာ၊

ဘု​ရား​သ​ခင်​သည် မြေ​တစ်​ပြင်​လုံး၌ နေ​ရ​သော လူ​အ​မျိုး​မျိုး​တို့​ကို တစ်​သွေး​တည်း​နှင့် ဖန်​ဆင်း​တော်​မူ၍၊ သူ​တို့​အား ခွဲ​ဝေ​စီ​မံ​သော​အ​ချိန် ကာ​လ​ကို​လည်း​ကောင်း၊ သူ​တို့၏ နေ​ရာ​အ​ပိုင်း​အ​ခြား​ကို​လည်း​ကောင်း မှတ်​သား​တော်​မူ၏။-

သင်​သည် ယ​ခု​မြင်​ရ​သော​အ​ကြောင်း​အ​ရာ​တို့​နှင့်၊ နောက်​မှ ငါ​သည်​သင့်​အား ထင်​ရှား​လ​တ္တံ့​သော အ​ကြောင်း​အ​ရာ​တို့​မှာ၊ အ​မှု​ဆောင်​ရွက်​သော​သူ၊ သက်​သေ​ခံ​သော​သူ​အ​ရာ၌ သင့်​ကို​ခန့်​ထား​စေ​ခြင်း​ငှာ ငါ​သည်​သင့်​အား ထင်​ရှား၏။ တစ်​ပါး​အ​မျိုး​သား​တို့​သည် မှောင်​မိုက်​မှ အ​လင်း​သို့ ကူး​မြောက်၍၊ စာ​တန်၏​အာ​ဏာ​ထဲ​မှ ဘု​ရား​သ​ခင့်​အ​ထံ​တော်​သို့ ပြောင်း​လဲ​သော​အား​ဖြင့် အ​ပြစ်​လွှတ်​ခြင်း ကျေး​ဇူး​ကို ခံ​ရ​မည်​အ​ကြောင်း​နှင့်၊ ငါ့​ကို​ယုံ​ကြည်​သော​အား​ဖြင့် သန့်​ရှင်း​ခြင်း​သို့ ရောက်​သော​သူ​တို့​နှင့် ဆက်​ဆံ၍ အ​မွေ​ခံ​ရ​မည်​အ​ကြောင်း၊ သူ​တို့၏​မျက်​စိ​ကို ဖွင့်​စေ​ခြင်း​ငှာ သူ​တို့​ဆီ​သို့ သင့်​ကို ငါ​စေ​လွှတ်​မည်​ဟု မိန့်​တော်​မူ၏။

ပိုင်​ထိုက်​တော်​မူ​သော​သူ​တို့​သည် ဘုန်း​တော်​ကို ချီး​မွမ်း​ခြင်း​အ​ကြောင်း​နှင့် ရွေး​နုတ်​တော်​မူ​ခြင်း​သို့ မ​ရောက်​မီ​ကာ​လ​ပတ်​လုံး ထို​ဝိ​ညာဉ်​တော်​သည် ငါ​တို့ အ​မွေ၏ စ​ရန်​ဖြစ်​တော်​မူ၏။

ခေါ်​တော်​မူ​သော​ကြောင့် မျှော်​လ​င့်​ရ​သော​အ​ရာ​ကား အ​ဘယ်​အ​ရာ​ဖြစ်​သည်​ကို​လည်း​ကောင်း၊ သန့်​ရှင်း​သူ​တို့​သည် ခံ​ရ​သော​အ​မွေ​တော်၏ ဘုန်း​စည်း​စိမ်​ကား အ​ဘယ်​မျှ​လောက် ကြီး​သည်​ကို​လည်း​ကောင်း၊-

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​ကို မိန့်​တော်​မူ​သ​မျှ​အ​တိုင်း၊ ယော​ရှု​သည် ထို​ပြည်​တစ်​လျှောက်​လုံး​ကို သိမ်း​ယူ၍ ဣ​သ​ရေ​လ​အ​မျိုး​အ​နွယ် အ​သီး​အ​သီး​တို့​အား အ​မွေ​ပေး​သ​ဖြင့်၊ တစ်​ပြည်​လုံး​စစ်​ငြိမ်း​လေ၏။

ယော​ရှု​သည် အို၍​အ​သက်​ကြီး​ရင့်​သော​အ​ခါ၊ ထာ​ဝ​ရ​ဘု​ရား​က၊ သင်​သည်​အို၍​အ​သက်​ကြီး​ရင့်​ပြီ။ သိမ်း​ယူ​ရ​မည့်​မြေ​လည်း အ​များ​ကျန်​သေး၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​ပေး​မည်​ဟု ဘိုး​ဘေး​တို့​အား ကျိန်​ဆို​တော်​မူ​သော ပြည်​ရှိ​သ​မျှ​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ပေး​တော်​မူ​သ​ဖြင့်၊ သူ​တို့​သည် သိမ်း​ယူ၍ နေ​ရာ​ကျ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ