Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 33:54

Judson Bible

သင်​တို့​အ​ဆွေ​အ​မျိုး​တို့​အား စာ​ရေး​တံ​ချ၍ ထို​မြေ​ကို​ဝေ​ရ​မည်။ လူ​များ​လျှင်​များ​သော​မြေ၊ လူ​နည်း​လျှင် နည်း​သော​မြေ​ကို ပေး​ရ​မည်။ အ​သီး​အ​သီး​တို့​သည် စာ​ရေး​တံ​ကျ​သည်​အ​တိုင်း၊ ဘိုး​ဘ​အ​မျိုး​အ​နွယ်​အ​လိုက် အ​မွေ​ခံ​ရ​ကြ​မည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထို​မြို့​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ပိုင်​သော မြေ​ထဲ​က​နုတ်​ရ​မည်။ များ​သော​မြေ​ကို​ရ​သော​သူ​သည် များ​သော​မြို့၊ နည်း​သော​မြေ​ကို​ရ​သော​သူ​သည် နည်း​သော​မြို့​တို့​ကို ပေး​ရ​မည်။ လူ​အ​သီး​အ​သီး​တို့​သည် အ​မွေ​ခံ​ရ​သည်​အ​တိုင်း၊ မိ​မိ​တို့​မြို့​များ​ထဲ​က​နုတ်၍ လေ​ဝိ​သား​တို့​အား​ပေး​ရ​မည်။

လေ​ဗ​နုန်​တောင်​မှ​စ၍ မိ​သ​ရ​ဖော​သ​မိမ်​မြို့​တိုင်​အောင်၊ တောင်​ပေါ်၌​နေ​သော​သူ​နှင့် ဇိ​ဒေါ​နိ​လူ​အ​ပေါင်း​တို့​ကို ဣ​သ​ရေ​လ​အ​မျိုး​သား​ရှေ့​မှ ငါ​နှင်​ထုတ်​မည်။ သို့​ဖြစ်၍ ငါ​မှာ​ထား​သည်​အ​တိုင်း စာ​ရေး​တံ​ပြု​လျက် ထို​မြေ​ကို ဣ​သ​ရေ​လ​လူ​တို့​အား အ​မွေ​ဝေ​ဖန်​လော့။

ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကိုး​မျိုး​နှင့် တစ်​ဝက်​တို့​သည် စာ​ရေး​တံ​ပြု၍ အ​မွေ​ခံ​ရ​ကြ၏။

ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် စာ​ရေး​တံ​ပြု၍ အ​ဆွေ​အ​မျိုး​အ​လိုက်​ခံ​ရ​သော​မြေ​သည် ယု​ဒ​အ​မျိုး​သား​တို့​နှင့် ယော​သပ်​အ​မျိုး​သား​တို့​စပ်​ကြား​မှာ​ကျ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ