Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 33:2

Judson Bible

ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​အ​တိုင်း မော​ရှေ​မှတ်​သား၍၊ ထို​ခ​ရီး​သွား​ခြင်း အ​ကြောင်း​အ​ရာ​ပါ​သော​စာ​ရင်း​ဟူ​မူ​ကား၊

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ဤ​အ​မှု​ကို​အောက်​မေ့​စ​ရာ​ဖို့ စာ​ရေး​ထား၍ ယော​ရှု​အား​ဖတ်​ရွတ်​လော့။ အ​ကြောင်း​မူ​ကား၊ ကောင်း​ကင်​အောက်၌ အာ​မ​လက်၏​အ​မှတ်​ရှိ​သ​မျှ​ကို ငါ​ပယ်​ရှင်း​မည်​ဟု မော​ရှေ​အား​မိန့်​တော်​မူ၏။

ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​ဖြင့် မိန့်​တော်​မူ​သည်​အ​တိုင်း၊ ပ​ထ​မ​ခ​ရီး​သွား​ခြင်း​ကို ပြု​ကြ၏။

ဒု​တိ​ယ​အ​ကြိမ် နှိုး​ဆော်​သံ​နှင့်​မှုတ်​သော​အ​ခါ၊ တောင်​တပ်​တို့​သည် ချီ​သွား​ရ​ကြ​မည်။ တ​တိ​ယ​အ​ကြိမ် နှိုး​ဆော်​သံ​နှင့်​မှုတ်​သော​အ​ခါ၊ အ​နောက်​တပ်​တို့​သည် ချီ​သွား​ရ​ကြ​မည်။ စ​တု​တ္ထ​အ​ကြိမ် နှိုး​ဆော်​သံ​နှင့်​မှုတ်​သော​အ​ခါ၊ မြောက်​တပ်​တို့​သည် ချီ​သွား​ရ​ကြ​မည်။ အ​စဉ်​အ​တိုင်း ချီ​သွား​စေ​ခြင်း​ငှာ နှိုး​ဆော်​သံ​နှင့်​မှုတ်​ရ​မည်။

မော​ရှေ​နှင့်​အာ​ရုန်​စီ​ရင်၍ အဲ​ဂု​တ္တု​ပြည်​မှ​ထွက်​လာ​သော ဣ​သ​ရေ​လ​အ​မျိုး​သား အ​လုံး​အ​ရင်း​တို့​သည် ခ​ရီး​သွား​ခြင်း​အ​ကြောင်း​အ​ရာ​များ​ကို၊

ပ​ထ​မ​လ​တစ်​ဆယ်​ငါး​ရက်​နေ့၌ ရာ​မ​သက်​မြို့​မှ ထွက်​လာ​ကြ၏။ ပ​သ​ခါ​ပွဲ​ကို ခံ​ပြီး​သော​နောက်၊ နက်​ဖြန်​နေ့၌ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​လူ​အ​ပေါင်း​တို့​ရှေ့​မှာ ဝါ​ကြွား​သော​အ​ခြင်း​အ​ရာ​နှင့် ထွက်​လာ​ကြ၏။

ကာ​ဒေ​ရှ​ဗာ​နာ​အ​ရပ်​သည်၊ စိ​ရ​တောင်​လမ်း​ဖြင့် ဟော​ရပ်​အ​ရပ်​နှင့် ဆ​ယ်​တစ်​ရက်​ခ​ရီး ကွာ​သ​တည်း။

ထို​ကြောင့် လေ​ဝိ​သား​တို့​သည် ညီ​အစ်​ကို​တို့​နှင့်​ရော၍ အ​ဖို့​ကို​မ​ပိုင်၊ အ​မွေ​ကို​မ​ခံ​ရ။ သင်၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရားကတိတော်ရှိ​သည်အတိုင်း၊ ထာဝရဘုရားသည် သူ​တို့​ခံ​ရ​သော​အ​မွေ​ဖြစ်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ