ဧလိမ်ရွာမှပြောင်း၍ ဧဒုံပင်လယ်နားမှာ စခန်းချကြ၏။
တစ်ဖန် ဣသရေလအမျိုးသားပရိသတ်အပေါင်းတို့သည်၊ ဧလိမ်အရပ်မှထွက်၍ ခရီးသွားကြ၏။ အဲဂုတ္တုပြည်မှထွက်သွားသောနောက်၊ ဒုတိယလဆယ်ငါးရက်နေ့တွင်၊ ဧလိမ်အရပ်နှင့် သိနာတောင်စပ်ကြားမှာ သိန်တောသို့ရောက်ကြ၏။
ဣသရေလအမျိုးသား ပရိသတ်အပေါင်းတို့သည်၊ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း၊ သိန်တောထဲကထွက်၍ခရီးသွားသဖြင့်၊ ရေဖိဒိမ်အရပ်၌ စခန်းချကြ၏။ ထိုအရပ်၌ လူများသောက်ဖို့ရာရေမရှိ။
ဧဒုံပင်လယ်မှပြောင်း၍ သိန်တော၌ စခန်းချကြ၏။
မာရအရပ်မှပြောင်း၍ ရေတွင်းဆယ်နှစ်တွင်းနှင့် စွန်ပလွံပင်ခုနစ်ဆယ်ရှိသော ဧလိမ်ရွာသို့ရောက်၍ စခန်းချကြ၏။