Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ
- ကြော်ငြာတွေ -



တော​လည် 32:5

Judson Bible

သို့​ဖြစ်၍ ကျွန်​တော်​တို့​သည် ရှေ့​တော်၌​မျက်​နှာ​ရ​လျှင်၊ ဤ​ပြည်​ကို ကိုယ်​တော် ကျွန်​တို့​အား​အ​ပိုင်​ပေး​တော်​မူ​ပါ။ ကျွန်​တော်​တို့​ကို ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ပို့​ဆောင်​တော်​မ​မူ​ပါ​နှင့်​ဟု လျှောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ယ​ခု​မှာ ကိုယ်​တော်​ကျွန်​သည် ရှေ့​တော်၌​မျက်​နှာ​ရ​ပါ​ပြီ။ အ​ကျွန်ုပ်​အ​သက်​ချမ်း​သာ​စေ​သ​ဖြင့်၊ အ​ကျွန်ုပ်၌​ပြု​တော်​မူ​သော​က​ရု​ဏာ ကျေး​ဇူး​များ​ပြား​လှ​ပါ၏။ ဘေး​လွတ်၍​တောင်​ပေါ်​သို့ မ​ပြေး​နိုင်​ပါ။ ဘေး​တစ်​စုံ တစ်​ခု​တွေ့၍​သေ​မည်​ကို စိုး​ရိမ်​ပါ​၏။

ယွာ​ဘ​သည်​လည်း မြေ​ပေါ်​မှာ ဦး​ချ​ပျပ်​ဝပ်​လျက်၊ ကျွန်​တော်​သ​ခင်​အ​ရှင်​မင်း​ကြီး၊ ကိုယ်​တော်​ကျွန် အ​သ​နား​တော်​ခံ​သည်​အ​တိုင်း အ​ရှင်​မင်း​ကြီး ပြု​တော်​မူ​သော​ကြောင့်၊ ကိုယ်​တော်​ကျွန်​သည် ရှေ့​တော်၌ မျက်​နှာ​ရ​ကြောင်း​ကို ကျွန်​တော်​သိ​ပါ​သည်​ဟု ကျေး​ဇူး​တော်​ကို ဝန်​ခံ​လေ၏။

မိ​ဖု​ရား​ဧ​သ​တာ​သည် တံ​တိုင်း​တော်​ထဲ​မှာ ရပ်​နေ​သည်​ကို ရှင်​ဘု​ရင်​သည်​မြင်​လျှင်၊ နူး​ညွတ်​သော​စိတ်​ရှိ၍ လက်​တော်၌​ပါ​သော ရွှေ​ရာ​ဇ​လှံ​တံ​ကို၊ ဧ​သ​တာ​သို့ ကမ်း​တော်​မူ​သ​ဖြင့်၊ ဧ​သ​တာ​သည် ချဉ်း​ကပ်၍ ရာ​ဇ​လှံ​တံ​တော်​အထွတ်​ကို တို့​လေ၏။

တစ်​ဖန်​မိန့်​တော်​မူ​သည်​ကား၊ ဓား​ဘေး​နှင့် လွတ်​သော​သူ​တို့​သည် တော၌​ကျေး​ဇူး​ကို​ခံ​ရ​ကြ​ပြီ။ ငါ​သည် ကြွ​သွား၍ ဣ​သ​ရေ​လ​အ​မျိုး​ကို​ချမ်း​သာ​ပေး​မည်။

ဣ​သ​ရေ​လ​ပ​ရိ​သတ်​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား လုပ်​ကြံ​တော်​မူ​သော ဤ​ပြည်​သည် တိ​ရ​စ္ဆာန်​နှင့် တော်​လျော်​ပါ၏။ ကိုယ်​တော် ကျွန်​တို့၌​လည်း တိ​ရ​စ္ဆာန်​များ​ပြား​ပါ၏။

မော​ရှေ​က​လည်း၊ သင်​တို့​သည် ဤ​အ​ရပ်၌​နေ​ရစ်၍၊ သင်​တို့ ညီ​အစ်​ကို​များ​တို့​သည် စစ်​တိုက်​သွား​ရ​မည်​လော။

သင်​တို့​အ​တွက် ထာ​ဝ​ရ​ဘု​ရား​သည် ငါ့​ကို​လည်း​အ​မျက်​တော်​ထွက်၍၊ သင်​သည် ထို​ပြည်​သို့​မ​ဝင်​စား​ရ။

ယော​ရှု​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် ဤ​လူ​အ​ပေါင်း​တို့​ကို အာ​မော​ရိ​လူ​တို့​လက်​သို့​အပ်၍ ဖျက်​ဆီး​စေ​ခြင်း​ငှာ ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ အ​ဘယ်​ကြောင့်​ဆောင်​ခဲ့​တော်​မူ​သ​နည်း။ အ​ကျွန်ုပ်​တို့​သည် ရောင့်​ရဲ​သော​စိတ်​ရှိ၍ ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ နေ​ကြ​ပါ​စေ​သော။

ရု​သ​သည် မြေ​ပေါ်​မှာ ဦး​ချ​ပျပ်​ဝပ်​လျက်၊ ကျွန်​မ​သည် တစ်​ပါး​အ​မျိုး​သား​ဖြစ်၍ ကိုယ်​တော်​သည် ကျွန်​မ​ကို သိ​မှတ်​မည်​အ​ကြောင်း၊ အ​ဘယ်​သို့ စိတ်​တော်​နှင့်​တွေ့​ရ​ပါ​သ​နည်း​ဟု လျှောက်​လေ၏။

ဒါ​ဝိဒ်​က​လည်း၊ ကျွန်ုပ်​သည် သင်၏​မိတ်​ဆွေ​ဖြစ်​ကြောင်း​ကို သင်၏​အ​ဘ​သည် အ​မှန်​သိ​သ​ဖြင့်၊ ယော​န​သန်​စိတ်​မ​သာ ရှိ​မည်​စိုး​ရိမ်၍ သူ​သည် ဤ​အ​မှု​ကို မ​သိ​စေ​နှင့်​ဟု ပြော​ဆို​ပါ​ပြီ။ အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​အ​သက်​ရှင်​တော်​မူ​သည်​အ​တိုင်း၊ သင့်​အ​သက်​လည်း ရှင်​သည်​အ​တိုင်း၊ ကျွန်ုပ်​နှင့် သေ​ဘေး​စပ်​ကြား​မှာ အ​သွား​တစ်​လှမ်း​သာ​ရှိ​ပါ​သည်​ဟု အ​ကျိန်​နှင့်​ဆို၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ