နောဗာသည်လည်းသွား၍ ကေနတ်မြို့ရွာတို့ကိုသိမ်းယူပြီးမှ၊ မိမိအမည်ဖြင့် နောဗာမြို့ဟုသမုတ်လေ၏။
အဗရှလုံသည် အသက်ရှင်စဉ်အခါ၊ ငါ၏နာမသည် မပျောက် အမြဲတည်မည်အကြောင်း၊ သားမရှိဟုဆိုလျက် ရှင်ဘုရင်ချိုင့်တွင် ကိုယ်အဖို့ ကျောက်တိုင်ကိုစိုက်၍ မိမိနာမဖြင့်သမုတ်သောကြောင့်၊ ယနေ့တိုင်အောင် အဗရှလုံ၏အောင်တိုင်ဟူ၍ တွင်သတည်း။
မိမိတို့အိမ်သည် ထာဝရဖြစ်လိမ့်မည်။ မိမိတို့နေရာလည်း လူမျိုးအစဉ်အဆက် တည်လိမ့်မည်။ မိမိတို့နာမသည် မြေပေါ်မှာ ကျော်စောလိမ့်မည်ဟု သူတို့စိတ်ထင်ရှိကြ၏။
ဂိဒေါင်သည် နောဗာမြို့၊ ယုဗ္ဗေဟမြို့အရှေ့၊ တဲ၌နေသူတို့လမ်းဖြင့် ချီသွား၍၊ မစိုးရိမ်ဘဲနေသော မိဒျန်တပ်ကို လုပ်ကြံသဖြင့်၊