Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 32:4

Judson Bible

ဣ​သ​ရေ​လ​ပ​ရိ​သတ်​ရှေ့​မှာ ထာ​ဝ​ရ​ဘု​ရား လုပ်​ကြံ​တော်​မူ​သော ဤ​ပြည်​သည် တိ​ရ​စ္ဆာန်​နှင့် တော်​လျော်​ပါ၏။ ကိုယ်​တော် ကျွန်​တို့၌​လည်း တိ​ရ​စ္ဆာန်​များ​ပြား​ပါ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

အ​ထက်​ဆို​ခဲ့​ပြီး​သော သူ​တို့​သည် ယု​ဒ​ရှင်​ဘု​ရင် ဟေ​ဇ​ကိ​လက်​ထက်၌ သွား၍၊ သိုး​ကျက်​စား​စ​ရာ ကောင်း​သော​အ​ရပ်​ကို တွေ့​သော​ကြောင့်၊ အ​ရပ်​သား နေ​ရာ​ရွာ​တို့​ကို​လုပ်​ကြံ၍၊ ရှင်း​ရှင်း​ဖျက်​ဆီး​ပြီး​မှ ယ​နေ့​တိုင်​အောင် နေ​ကြ၏။

ဣ​သ​ရေ​လ​ကို သူ၏​နေ​ရင်း​အ​ရပ်​သို့ ငါ​ဆောင်​ခဲ့​ဦး​မည်။ သူ​သည် က​ရ​မေ​လ​တောင်​နှင့် ဗာ​ရှန်​တောင်​ပေါ်​မှာ​ကျက်​စား၍၊ ဧ​ဖ​ရိမ်​တောင်​နှင့် ဂိ​လဒ်​တောင်​ပေါ်​မှာ ဝ​လိမ့်​မည်။

ကိုယ်​တော်၏ လူ​တည်း​ဟူ​သော အ​ပေါင်း​အ​ဖော်​မ​ရှိ​ဘဲ၊ တော​တွင် က​ရ​မေ​လ​တောင်​ပေါ်​မှာ နေ​ရ​သော အ​မွေ​တော်​သိုး​စု​ကို သိုး​ထိန်း​နှင်​တံ​နှင့် ထိန်း​တော်​မူ​ပါ။ ရှေး​ကာ​လ၌ ရှိ​သ​ကဲ့​သို့၊ ဗာ​ရှန်​ပြည်​နှင့် ဂိ​လဒ်​ပြည်၌ ကျက်​စား​သော အ​ခွင့်​ကို ပေး​တော်​မူ​ပါ။

ထို​မင်း​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဓား​နှင့်​လုပ်​ကြံ၍၊ အာ​နုန်​ချောင်း​မှ​သည် ယ​ဗ္ဗုတ်​ချောင်း​တိုင်​အောင်​လည်း​ကောင်း၊ အ​မ္မုန်​အ​မျိုး​သား​နေ​ရာ​တိုင်​အောင်​လည်း​ကောင်း၊ ထို​မင်း​ပိုင်​သော​မြေ​ကို သိမ်း​ယူ​ကြ၏။ အ​မ္မုန်​အ​မျိုး​သား နေ​ရာ​နယ်​စပ်​ကား အား​ကြီး၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ့​ကို​မ​ကြောက်​နှင့်။ သူ​နှင့်​တ​ကွ သူ၏​လူ​အ​ပေါင်း​ကို​လည်း​ကောင်း၊ သူ၏​မြေ​ကို​လည်း​ကောင်း၊ သင့်​လက်၌ ငါ​အပ်​ပေး​ပြီ။ ဟေ​ရှ​ဘုန်​မြို့​နေ အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်​ကို ပြု​သ​ကဲ့​သို့၊ ဤ​မင်း​ကို​လည်း​ပြု​ရ​မည်​ဟု မော​ရှေ​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊

ထို​မင်း​နှင့်​သား​များ၊ လူ​များ​အ​ပေါင်း​တို့​ကို တစ်​ယောက်​မျှ​မ​ကြွင်း​လုပ်​ကြံ၍ သူ၏​ပြည်​ကို​သိမ်း​ယူ​ကြ၏။

သို့​ဖြစ်၍ ကျွန်​တော်​တို့​သည် ရှေ့​တော်၌​မျက်​နှာ​ရ​လျှင်၊ ဤ​ပြည်​ကို ကိုယ်​တော် ကျွန်​တို့​အား​အ​ပိုင်​ပေး​တော်​မူ​ပါ။ ကျွန်​တော်​တို့​ကို ယော်​ဒန်​မြစ်​တစ်​ဖက်​သို့ ပို့​ဆောင်​တော်​မ​မူ​ပါ​နှင့်​ဟု လျှောက်​ကြ၏။

သင်​တို့​ထက်​အား​ကြီး၍ များ​ပြား​သော​လူ​မျိုး​တို့​ကို သင်​တို့​ရှေ့​မှ နှင်​ထုတ်​တော်​မူ၍၊ ယ​နေ့​ပင်​ဖြစ်​သ​ကဲ့​သို့ သူ​တို့​မြေ​ထဲ​သို့ သင်​တို့​ကို​သွင်း၍ အ​မွေ​ခံ​စေ​ခြင်း​ငှာ၊ မ​ဟာ​တန်​ခိုး​တော်​အား​ဖြင့် အဲ​ဂု​တ္တု​ပြည်​မှ ရှေ့​တော်၌​နုတ်​ဆောင်​တော်​မူ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ