မနာရှေမှဆင်းသက်သော မာခိရအမျိုးသားတို့သည်၊ ဂိလဒ်မြို့သို့ သွား၍သိမ်းယူပြီးလျှင်၊ အရင်မြို့သား အာမောရိလူတို့ကို နှင်ထုတ်ကြ၏။
ဧဖရိမ်၏မြေးကိုမြင်ရ၏။ မနာရှေ၏သား၊ မာဓိရ၏သားသမီးတို့ကိုလည်း မိမိဒူးပေါ်မှာမွေးစားရ၏။
ဂိလဒ်ပြည်၊ နောက်သိမ်းသောပြည်၊ ဒန်ယန်ပြည်တို့ကို လွန်ပြီးမှ ဇိဒုန်ပြည်သို့ဝိုင်းသွား၍၊
မနာရှေ၏သားဟူမူကား၊ မာခိရမှဆင်းသက်သော မာခိရိအဆွေအမျိုး၊
ဂိလဒ်မြို့ကိုကား၊ မာခိရအမျိုးသားတို့အားငါပေး၏။
ယောသပ်၏သားဦးမနာရှေအမျိုးသားတို့သည် စာရေးတံပြု၍ အမွေခံရသော မြေဟူမူကား၊ မနာရှေ၏ သားတည်းဟူသော ဂိလဒ်၏အဘ မာခိရသည် စစ်သူရဲဖြစ်၍၊ ဂိလဒ်ပြည်နှင့် ဗာရှန်ပြည်ကိုရ၏။
ယော်ဒန်မြစ်တစ်ဖက် အာမောရိလူနေရာ ဂိလဒ်ပြည်၌နေသော ဣသရေလ အမျိုးသားအပေါင်းတို့ကို ထိုနှစ်မှစ၍ တစ်ဆယ်ရှစ်နှစ်ပတ်လုံး ညှဉ်းဆဲကြ၏။
အာမလက်လူနေရာအနားမှာ နေရာကျသောသူတို့သည် ဧဖရိမ်ခရိုင်ထဲက ထွက်လာကြ၏။ သူတို့နောက်မှာ သင်၏ဗိုလ်ခြေတို့တွင် ဗင်္ယာမိန်အမျိုးသားတို့သည် လိုက်ကြ၏။ မာခိရအမျိုးထဲကမင်းများ၊ ဇာဗုလုန်အမျိုးထဲက စီရင်တတ်သော သူများတို့သည် ထွက်လာကြ၏။