Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 32:37

Judson Bible

ရု​ဗင်​အ​မျိုး​သား​တို့​သည် ဟေ​ရှ​ဘုန်၊ ဧ​လာ​လေ၊ ကိ​ရ​ယ​သိမ်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

တစ်​ဆယ်​လေး​နှစ်​မြောက်​လျှင်၊ ခေ​ဒေါ​ရ​လော​မာ​မင်း​သည်၊ မိ​မိ​ဘက်​က​နေ​သော မင်း​ကြီး​တို့​နှင့်​တ​ကွ​လာ၍၊ အာ​ရှ​တ​ရုတ်​ကာ​နိမ်​မြို့၌၊ ရေ​ဖိမ်​လူ​များ​ကို​လည်း​ကောင်း၊ ဟာ​မ​မြို့၌ ဇူ​ဇိမ်​လူ​များ​ကို​လည်း​ကောင်း၊ ကိ​ရ​ယ​သိမ်​ချိုင့်၌ ဧ​မိမ်​လူ​များ​ကို​လည်း​ကောင်း၊

ဟေ​ရှ​ဘုန်​မြို့​နှင့် ဧ​လာ​လေ​မြို့​တို့​လည်း ငို​ကြွေး၍၊ ငို​သံ​သည် ယာ​ဟတ်​မြို့​တိုင်​အောင် ကြား​ရ၏။ မော​ဘ​သူ​ရဲ​တို့​သည်​လည်း၊ တုန်​လှုပ်​သော​စိတ်​နှ​လုံး​နှင့် ငို​ကြွေး​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး၏​ဘု​ရား​သ​ခင် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား​သည် မော​ဘ​ပြည်​ကို ရည်​မှတ်၍ မိန့်​တော်​မူ​သည်​ကား၊ နေ​ဗော​မြို့​သည် အ​မင်္ဂ​လာ​ရှိ၏။ ပျက်​စီး​ခြင်း​သို့ ရောက်​လေ၏။ ကိ​ရ​ယ​သိမ်​မြို့​သည် ရှုံး၍ လု​ယူ​ခြင်း​ကို ခံ​ရ၏။ မိ​သ​ဂပ်​မြို့​သည်​လည်း​ရှုံး၍ စိတ်​ပျက်​လေ၏။

ဟေ​ရှ​ဘုန်​မြို့ ငို​ကြွေး​သံ​မှ​စ၍ ဧ​လာ​လေ​မြို့၊ ယာ​ဟတ်​မြို့ တိုင်​အောင်​လည်း​ကောင်း၊ ဇော​ရ​မြို့​မှ​စ၍ ဟော​ရ​နိမ်​မြို့ တိုင်​အောင်​လည်း​ကောင်း သုံး​နှစ်​အ​သက်​ရှိ​သော နွား​မ​မြည်​သံ​ကဲ့​သို့ အ​သံ​ကို လွှင့်​ကြ၏။ အ​ကြောင်း​မူ​ကား၊ နိ​မ​ရိမ် ရေ​ကန်​တို့​သည်​လည်း ဆိတ်​ညံ​လျက်​ရှိ​ကြ၏။

အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ မော​ဘ​နံ​ပါး၊ ပြည်​စွန်း​နား​မှာ နိုင်​ငံ၏​ဘုန်း​ဖြစ်​သော ဗက်​ယေ​ရှိ​မုတ်​မြို့၊ ဗာ​လ​မောင်​မြို့၊ ကိ​ရ​ယ​သိမ်​မြို့​တို့​ကို ငါ​လှန်​ထား​မည်။

ထို​အ​ကြောင်း​ကို​ရည်​ဆောင်၍ လင်္ကာ​ဆ​ရာ​တို့​က၊ ဟေ​ရှ​ဘုန်​မြို့​သို့​သွား၍ တစ်​ဖန်​တည်​ကြ​စို့။ ရှိ​ဟုန်​ဘု​ရင်​နေ​သော​မြို့​ကို ပြင်​ဆင်​ကြ​စို့။

အ​တ​ရုတ်၊ ဒိ​ဘုန်၊ ယာ​ဇာ၊ နိ​မ​ရ၊ ဟေ​ရှ​ဘုန်၊ ဧ​လာ​လေ၊ ရှေ​ဘံ၊ နေ​ဗော၊ ဗော​န​တည်း​ဟူ​သော၊

ဗက်​နိ​မ​ရာ၊ ဗေ​သာ​ရန်​မြို့​များ​ကို​လည်း​ကောင်း၊ သိုး​ခြံ​များ​ကို​လည်း​ကောင်း တည်​လုပ်​ကြ၏။

နေ​ဗော၊ ဗာ​လ​မော​န၊ ရှိ​ဗ​မ​မြို့​များ​ကို အ​သစ်​သော​အ​မည်​ဖြင့်​သ​မုတ်၍ တည်​ကြ၏။

ကိ​ရ​ယ​သိမ်​မြို့၊ စိ​ဗ​မာ​မြို့၊ ချိုင့်​တွင်​တောင်​ပေါ်​မှာ​ရှိ​သော ဇာ​ရက်​ရှာ​ဟာ​မြို့၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ