တောလည် 32:33Judson Bibleထိုအခါမောရှေသည် အာမောရိရှင်ဘုရင်ရှိဟုန်၏ နိုင်ငံဆိုင်သမျှ၊ ဗာရှန်ရှင်ဘုရင်ဩဃ၏ နိုင်ငံဆိုင်သမျှသော နယ်မြေမြို့ရွာတို့ကို ဂဒ်အမျိုးသား၊ ရုဗင်အမျိုးသား၊ ယောသပ်၏သား မနာရှေမှဆင်းသက်သော မနာရှေအမျိုးသားတစ်ဝက်၌ အပ်ပေးလေ၏။ အခန်းကိုကြည့်ပါ။ |
ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသား၊ မနာရှေအမျိုးသား တစ်ဝက်တည်းဟူသော အမျိုးနှစ်မျိုးနှင့် တစ်ဝက်တို့သည် မိမိတို့အမွေခံသောမြေကို ယော်ဒန်မြစ်အရှေ့၊ ယေရိခေါမြို့တစ်ဖက်၊ နေထွက်ရာဘက်၌ ဘိုးဘအဆွေအမျိုးအလိုက် ခံရကြပြီဟု ဣသရေလအမျိုးသားတို့အား မှာထားလေ၏။
ယခုမှာ သင်တို့၏ဘုရားသခင် ထာဝရဘုရားကတိတော်ရှိသည်အတိုင်း၊ ညီအစ်ကိုတို့အား ငြိမ်သက်ခြင်းအခွင့်ကို ပေးတော်မူသောကြောင့်၊ သင်တို့ပြန်၍ ကိုယ်နေရာအိမ်သို့လည်းကောင်း၊ ယော်ဒန်မြစ်တစ်ဖက်၌ ထာဝရဘုရား၏ကျွန် မောရှေပေးသည်အတိုင်း၊ ကိုယ်ပိုင်သောမြေသို့လည်းကောင်း သွားကြလော့။