Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 32:32

Judson Bible

ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ အ​မွေ​ခံ​ရ​ပါ​မည်​အ​ကြောင်း၊ ကျွန်​တော်​တို့​သည် လက်​နက်​ကိုင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ခါ​နာန်​ပြည်​သို့ ကူး​သွား​ပါ​မည်​ဟု ပြန်​လျှောက်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

သင်​တို့​ပိုင်​ထိုက်​ရာ၊ ငါ​ပေး​သော​ခါ​နာန်​ပြည်​သို့ သင်​တို့​ရောက်​သော​အ​ခါ၊ သင်​တို့​နေ​ရာ​ထို​ပြည်​တွင် အိမ်​တစ်​စုံ​တစ်​ခု၌ နူ​နာ​ကို​ငါ​စွဲ​စေ​လျှင်​လည်း​ကောင်း၊

ကျွန်​တော်​တို့​သည် ယော်​ဒန်​မြစ်​တစ်​ဖက်၌ သူ​တို့​နှင့်​အ​တူ အ​မွေ​ကို​မ​တောင်း​မ​ခံ​ပါ။ ကျွန်​တော်​တို့​အ​မွေ​ခံ​ရာ​မြေ​သည် ယော်​ဒန်​မြစ်​အ​ရှေ့​ဘက်၌ ကျ​ပါ​သည်​ဟု လျှောက်​ပြန်​ကြ၏။

ဂဒ်​အ​မျိုး​သား​နှင့် ရု​ဗင်​အ​မျိုး​သား​တို့​က​လည်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​ကျွန်​တို့​အား မိန့်​တော်​မူ​သည်​အ​တိုင်း၊ ကျွန်​တော်​တို့​သည် ပြု​ကြ​ပါ​မည်။

ထို​အ​ခါ​မော​ရှေ​သည် အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန်၏ နိုင်​ငံ​ဆိုင်​သ​မျှ၊ ဗာ​ရှန်​ရှင်​ဘု​ရင်​ဩ​ဃ၏ နိုင်​ငံ​ဆိုင်​သ​မျှ​သော နယ်​မြေ​မြို့​ရွာ​တို့​ကို ဂဒ်​အ​မျိုး​သား၊ ရု​ဗင်​အ​မျိုး​သား၊ ယော​သပ်၏​သား မ​နာ​ရှေ​မှ​ဆင်း​သက်​သော မ​နာ​ရှေ​အ​မျိုး​သား​တစ်​ဝက်၌ အပ်​ပေး​လေ၏။

တော​ကြီး​လွင်​ပြင်၊ ယော်​ဒန်​မြစ်​နား၊ သု​ဖ​မြို့​တစ်​ဖက်၊ ပါ​ရန်​မြို့၊ တော​ဖေ​လ​မြို့၊ လာ​ဗန်​မြို့၊ ဟာ​ဇ​ရုတ်​မြို့၊ ဒိ​ဇ​ဟတ်​မြို့​တို့​အ​လယ်၌ မော​ရှေ​သည် ဣ​သ​ရေ​လ အ​မျိုး​သား​တို့​အား ဟော​ပြော​သော​စ​ကား​များ​ကို ပြန်​ရ​လေ​သည်​မှာ၊

သူ​တို့​ပြည်​ကို သိမ်း​ယူ​ပြီး​မှ၊ ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်၌ ပေး​လေ၏။

ထို​အ​ခါ ငါ​တို့​သိမ်း​ယူ​သော​မြေ​ကို၊ အာ​နုန်​မြစ်​နား​တွင်​ရှိ​သော အာ​ရော်​မြို့​မှ​စ၍ ဂိ​လဒ်​တောင်​တစ်​ဝက်​တိုင်​အောင်၊ မြို့​များ​နှင့်​တ​ကွ ရု​ဗင်​အ​မျိုး​သား၊ ဂဒ်​အ​မျိုး​သား​တို့​အား ငါ​ပေး၏။

ယော်​ဒန်​မြစ်​အ​ရှေ့ နေ​ထွက်​ရာ​ဘက်၌၊ အာ​နုန်​မြစ်​မှ​စ၍ ဟေ​ရ​မုန်​တောင်​တိုင်​အောင်၊ အ​ရှေ့​လွင်​ပြင်​ရှိ​သ​မျှ​ပါ​လျက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လုပ်​ကြံ၍ သိမ်း​ယူ​သော​ပြည်​ကို အ​စိုး​ရ​သော မင်း​ကြီး​များ​ဟူ​မူ​ကား၊

ထို​ရှင်​ဘု​ရင်​နှစ်​ပါး​ကို ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​နှင့် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် လုပ်​ကြံ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​မော​ရှေ​သည် သူ​တို့​ပြည်​ကို ရု​ဗင်​အ​မျိုး၊ ဂဒ်​အ​မျိုး၊ မ​နာ​ရှေ​အ​မျိုး​တစ်​ဝက်​တို့​အား အ​ပိုင်​ပေး​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ