တောလည် 32:29Judson Bibleဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့သည် စစ်တိုက်ခြင်းငှာ အသီးအသီးလက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ သင်တို့နှင့်အတူ ယော်ဒန်မြစ်တစ်ဖက်သို့ ကူးသွား၍၊ သင်တို့သည် ထိုပြည်ကိုအောင်ပြီးလျှင်၊ ထိုအမျိုးသားတို့အား ဂိလဒ်ပြည်ကို အပိုင်ပေးရကြမည်။ အခန်းကိုကြည့်ပါ။ |
လေဝိသားတို့သည် သင်တို့နှင့်ရော၍ အဖို့ကိုမယူရ။ ထာဝရဘုရား၏ ယဇ်ပုရောဟိတ်အရာသည် သူတို့အမွေဖြစ်၏။ ဂဒ်အမျိုး၊ ရုဗင်အမျိုး၊ မနာရှေအမျိုး တစ်ဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက် ထာဝရဘုရား၏ကျွန် မောရှေပေးသည်အတိုင်း၊ အမွေမြေကိုခံယူကြပြီဟု ဣသရေလလူတို့အား ပြောဆို၏။
တစ်ဖန် ရှောလုသည် ဒါဝိဒ်ကိုခေါ်၍ ငါ့သမီးကြီး မေရပ်ကို သင့်အားငါပေးစားမည်။ သင်သည် ငါ့အဖို့ ရဲရင့်၍ ထာဝရဘုရားအဖို့ စစ်တိုက်ခြင်းကိုသာပြုလော့ဟု မိန့်တော်မူ၏။ အကြောင်းမူကား၊ ငါ့လက်သည် သူ့အပေါ်သို့ မရောက်စေနှင့်။ ဖိလိတ္တိလူတို့လက်သည် ရောက်ပါစေသောဟု ရှောလုအကြံရှိ၏။