Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



တော​လည် 32:27

Judson Bible

ကိုယ်​တော်​ကျွန်​အ​ပေါင်း​တို့​မူ​ကား၊ သ​ခင်​မိန့်​တော်​မူ​သည်​အ​တိုင်း၊ လက်​နက်​ကိုင်​လျက် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ စစ်​တိုက်​ခြင်း​ငှာ ကူး​သွား​ပါ​မည်​ဟု လျှောက်​ထား​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

9 ပူးပေါင်းရင်းမြစ်များ  

မော​ရှေ၏​လက်​ထောက်​ဖြစ်​သော လု​လင်​နုန်​သား​ယော​ရှု​က၊ သ​ခင်​မော​ရှေ၊ သူ​တို့​ကို​ဆီး​တား​တော်​မူ​ပါ​ဟု​ဆို​သော်၊

အို အ​ကျွန်ုပ်​သ​ခင်၊ အ​ကျွန်ုပ်​တို့​သည် မိုက်​သော​အ​မှု​ကို​ပြု​မိ၍ ပြစ်​မှား​သော​အ​ပြစ်​ကို အ​ကျွန်ုပ်​တို့​အ​ပေါ်​မှာ တင်​တော်​မ​မူ​ပါ​နှင့်၊ အ​ကျွန်ုပ်​တောင်း​ပန်​ပါ၏။

သို့​ရာ​တွင် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို သူ​တို့​နေ​ရာ​အ​ရပ်​သို့ မ​ပို့​မ​ဆောင်​မီ​တိုင်​အောင်၊ ကျွန်​တော်​တို့​သည်​လက်​နက်​ကိုင်​လျက် သူ​တို့​ရှေ့​မှာ​သွား​ပါ​မည်။ ဤ​ပြည်၌ ကျန်​ကြွင်း​သေး​သော လူ​တို့​ကြောင့် ကျွန်​တော်​တို့​သူ​ငယ်​များ​သည် ခိုင်​ခံ့​သော​မြို့၌ နေ​ရ​ပါ​မည်။

ထို​အ​မှု​ကြောင့်၊ မော​ရှေ​သည် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ၊ နုန်၏​သား​ယော​ရှု အ​စ​ရှိ​သော ဣ​သ​ရေ​လ​အ​မျိုး​သား အ​ဆွေ​အ​မျိုး​သူ​ကြီး​များ​တို့​ကို ခေါ်၍၊

အ​ကျွန်ုပ်​တို့​သ​ခင်​သည် စာ​ရေး​တံ​ချ​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အား ခါ​နာန်​ပြည်​ကို အ​မွေ​ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​ကျွန်ုပ်​တို့​အစ်​ကို ဇ​လော​ဖဒ်၏​အ​မွေ​မြေ​ကို သူ၏​သ​မီး​တို့​အား ပေး​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​အ​မိန့်​တော်​ရှိ​ပါ၏။

ရု​ဗင်​အ​မျိုး​သား၊ ဂဒ်​အ​မျိုး​သား၊ မ​နာ​ရှေ​အ​မျိုး​သား​တစ်​ဝက်​တို့​သည် မော​ရှေ​မှာ​ခဲ့​သည်​အ​တိုင်း လက်​နက်​ကို​စွဲ​ကိုင်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ရှေ့​မှာ ကူး​သွား​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ