တောလည် 32:22Judson Bibleသင်တို့ရှိသမျှသည် လက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ ယော်ဒန်မြစ်တစ်ဖက်သို့ ကူးသွားလျှင်လည်းကောင်း၊ ထိုနောက်မှ ထာဝရဘုရားရှေ့၊ ဣသရေလအမျိုးသားရှေ့၌ အပြစ်ကင်းလွတ်လျက်၊ ဤပြည်သို့ပြန်လာ၍ ထာဝရဘုရားအခွင့်နှင့် အမွေခံရကြမည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည် သင်တို့အားနေရာချသည်အတိုင်း၊ ညီအစ်ကိုတို့အား နေရာချတော်မမူမီ သင်တို့၏ဘုရားသခင် ထာဝရဘုရားပေးတော်မူသောပြည်ကို သူတို့သည် မသိမ်းမယူမီတိုင်အောင်၊ သင်တို့တွင် ခွန်အားကြီးသော စစ်သူရဲအပေါင်းတို့သည် လက်နက်ကိုင်လျက်၊ သင်တို့ညီအစ်ကိုများရှေ့မှာ ကူး၍မစရကြမည်ဟူသော စကားကို အောက်မေ့ကြလော့။ ထိုနောက်မှ ထာဝရဘုရား၏ကျွန်မောရှေသည် ယော်ဒန်မြစ် နေထွက်ရာဘက်၌ပေး၍၊ သင်တို့ပိုင်သောပြည်သို့ ပြန်၍ဝင်စားရကြမည်ဟု ပြောဆို၏။
ယခုမှာ သင်တို့၏ဘုရားသခင် ထာဝရဘုရားကတိတော်ရှိသည်အတိုင်း၊ ညီအစ်ကိုတို့အား ငြိမ်သက်ခြင်းအခွင့်ကို ပေးတော်မူသောကြောင့်၊ သင်တို့ပြန်၍ ကိုယ်နေရာအိမ်သို့လည်းကောင်း၊ ယော်ဒန်မြစ်တစ်ဖက်၌ ထာဝရဘုရား၏ကျွန် မောရှေပေးသည်အတိုင်း၊ ကိုယ်ပိုင်သောမြေသို့လည်းကောင်း သွားကြလော့။