ကျွန်တော်တို့သည် ယော်ဒန်မြစ်တစ်ဖက်၌ သူတို့နှင့်အတူ အမွေကိုမတောင်းမခံပါ။ ကျွန်တော်တို့အမွေခံရာမြေသည် ယော်ဒန်မြစ်အရှေ့ဘက်၌ ကျပါသည်ဟု လျှောက်ပြန်ကြ၏။
သောဒုံမြို့၌နေသော အာဗြံအစ်ကိုသားလောတနှင့် သူ၏ဥစ္စာတို့ကိုလည်း သိမ်းယူ၍သွား၏။
ဣသရေလရှင်ဘုရင် ပေကာလက်ထက်၊ အာရှုရိရှင်ဘုရင် တိဂလတ်ပိလေသာသည်လာ၍ ဣယုန်မြို့၊ အဗေလဗက်မာခါမြို့၊ ယာနောမြို့၊ ကေဒေရှမြို့၊ ဟာဇော်မြို့နှင့်တကွ ဂိလဒ်ပြည်၊ ဂါလိလဲပြည်၊ နဿလိပြည်သားအပေါင်းတို့ကို လုပ်ကြံ၍၊ အာရှုရိပြည်သို့ သိမ်းသွား၏။
အမွေဥစ္စာကို အစအဦး၌ အလျင်ရနိုင်သော်လည်း၊ အဆုံး၌ အမင်္ဂလာဖြစ်လိမ့်မည်။
ရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့သည် ယော်ဒန်မြစ်အရှေ့ဘက်၊ မောရှေပေးသည်အတိုင်း မိမိတို့အမွေမြေကိုခံကြပြီဟု မိန့်တော်မူ၏။